Chapter 60.2.2

700 70 3
                                    

အခန်း ၆၀.၂.၂ - ရင်ခုန်ခြင်း (၂)

ချင်လင်လင်က စကားမပြောတော့ပေ။

ကုကျန်းက သူ့ညီမအား ပြောလိုက်သည်။ "ယောင်ယောင် မင်းအပြင်ထွက်နှင့်။ ငါ မင်း ယောင်းမကို ပြောစရာရှိလို့။"

"အိုး... ကောင်းပါပြီ။ အချိန်အကြာကြီး စကားပြောကြမယ်ဆိုလည်း ရပါတယ်။ ယောင်းမက ကန်စွန်းဥမုန့်လုပ်တဲ့အချိန် အစ်ကိုကြီးက မီး အလျှော့အတင်းလုပ်ပေးလိုက်ပေါ့။"

ကုကျန်းက တုံ့ပြန်ပြောလိုက်သည်။ "ကောင်းပြီ။"

ကုယောင်က ထခုန်လျက် ထွက်ပြေးသွားလေပြီး မီးဖိုဆောင်တံခါးဝအား တမင်တကာ ပိတ်ပေးသွားသည်မှာ မြောက်လေက အင်မတန် ပြင်းလွန်းသဖြင့် အတွင်းရှိလူများက အအေးဓာတ်အားခံစားကြရမည်ကို စိုးရိမ်ပါသည့်အလား။

မီးဖိုဆောင်အတွင်း လူနှစ်ဦးသာ ကျန်ရစ်ခဲ့လျက် ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။

ချင်လင်လင်သည် ကန်စွန်းဥအနှစ်များကို နယ်နေစဉ်အတွင်း မနေနိုင်စွာဘဲ စိုးရိမ်တုန်လှုပ်နေလေသည်။

ကုကျန်းက သူ(မ)အနား တိုးကပ်လာလျက် မုန့်များအား အိုးအတွင်းမထည့်သေးခင်တွင် ကန်စွန်းဥမုန့်များအား ဆီစွတ်နေသည်ကို ကြည့်လိုက်သည်။

အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားပြောလေသည်။ "ငါ ခဏနေရင် တပ်ရင်းကို ပြန်တော့မယ်။"

"အင်း ကျွန်မသိတယ်။" ချင်လင်လင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ပြီးရင် ဘယ်လောက်ကြာမှ ပြန်လာနိုင်မလဲဆိုတာ ငါ မသိဘူး။ တပ်ရင်းက အိမ်နဲ့သိပ်မဝေးပေမဲ့ စည်းကမ်းချက်နဲ့ တားမြစ်ထားတာကြောင့် ပြန်လာနိုင်မယ့်အချိန်ကို ငါမသိဘူး။ မင်းနဲ့ ယောင်ယောင်က အိမ်မှာကျန်နေခဲ့မှာမို့ ငါ ... သိပ်စိတ်မချဘူး။"

"အင်း... ဒီအကြောင်းကိုလည်း ကျွန်မ နားလည်ပါတယ်။ ရှင် စိတ်မပူပါနဲ့။ ယောင်ယောင်နဲ့ ကျွန်မက အိမ်မှာ အဆင်ပြေပါတယ်။"

နှစ်ဦးကြား စကားများက အနည်းငယ် ခပ်တောင့်တောင့်ဖြစ်နေကြလျက် ကုကျန်းမှာ မည်သည့်စကားအား ဆက်ပြောရမည်မှန်း မသိတော့ချေ။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now