Chapter 13

1.6K 153 0
                                    

အခန်း ၁၃ - အကြင်လင်မယားစုံတွဲ (၂)


"မန်နေဂျာကျန်း သူပြောတာကို မယုံပါနဲ့။ သူတို့က လူလိမ်တွေ...."

လီကျန်းယဲ့သည် ချင်လင်လင်က မည်သည်ကိုပြောသည်ဖြစ်ပါစေ သူ၏ပထမဆုံးဦးစားပေးမှုသည်က စကားကိုအလုအယက်ဖြတ်ပြောဖို့ရန်သာဖြစ်သည်။

သို့သော် ဤတစ်ခေါက်တွင် သူစကားပြော၍ မပြီးခင် ချင်လင်လင်ပြောသည့်စကားကို သတိထားလိုက်မိပြီး ရုတ်ခြည်း ရပ်တန့်သွားလေသည်။ "မင်း... မင်းဘာပြောလိုက်တာ။"

သူသည် အများအပြား ငြင်းခုံပြောဆိုနိုင်ရန် တွေးထားပါသော်လည်း ယခုအခါ သူ့မျက်နှာတွင် ရှော့ရသွားသည့် အမူအရာသာ ကျန်ရှိတော့လေသည်။

ချင်လင်လင်သည် လီကျန်းယဲ့၏ အလွန်အမင်းအံ့အားသင့်နေဟန် မျက်နှာပေးအား ကြည့်လိုက်ရင်း ပြုံးလျက်ရှိနေ၏။ "ကျွန်မပြောတာက ကျွန်မအိမ်သားက မဆုံးသေးဘူးလို့။ သူက ရှင့်ရှေ့မှာ အသက်ထင်ရှား မတ်တတ်ရပ်နေတုန်းပါပဲလို့။"

ကုကျန်းသည် သူ့စကားများအတိုင်း အတိုင်အဖောက်ညီစွာဖြင့် ရှေ့ဘက်သို့ ခြေနှစ်လှမ်းတိုးထွက်လာသည်။ "ငါက သူ့ခင်ပွန်း။"

လီကျန်းယဲ့ : .....

ခေါင်းဆောင်လီ : ......

တူဝရီးနှစ်ယောက်သားသည် အံ့ဩတကြီးဖြင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်မိကြလေသည်။

'ဘာလို့လဲ ဘာလို့ သူ့ခင်ပွန်းက ရုတ်တရက်ကြီး ဘယ်နေရာက ရောက်လာရတာလဲ။'

ဒါရိုက်တာလျိုက အလျင်အမြန် မေးမြန်းလေသည်။ "မင်းက ပညာတတ်အမျိုးသမီးငယ် ချင် ရဲ့ အိမ်သားလား။ တောင်ဘက်အရပ် ရှောင်းကူရွာက တစ်ယောက်လား။"

ကုကျန်းသည် ခေါင်းညိတ်သဘောတူလိုက်ပြီး ဒါရိုက်တာလျိုနှင့် မန်နေဂျာကျန်းတို့အား ကြည့်လိုက်ရင်း "ကျွန်တော်က ရှောင်းကူရွာက ကုကျန်းဖြစ်ပြီးတော့ ချင်လင်လင်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။"

"ဒါပေမဲ့ ကျွန်မကြားတာက ရှင်က ရေလွှမ်းတုန်းက ရေနှင့်အတူမျောပါသွားခဲ့တယ်ဆို...ပြီးတော့ ကျွန်မတို့ထင်ခဲ့ကြတာက...." ဒါရိုက်တာလျိုက ပြောနေရင်းဖြင့် ပြောလက်ဆစကားအား အလျင်စလိုရပ်တန့်လိုက်လေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now