အခန်း ၂၂ - မိသားစုခွဲခြင်း
အော်ဟစ်သံသည် လီတနီထံမှဖြစ်သည်။ထိုအော်ဟစ်သံကိုကြားသောအခါ ချင်လင်လင်နှင့်ကုကျန်းတို့သည် ပင်မအခန်းအတွင်းသို့ ဝင်သွားလိုက်ကြသည်။ မိသားစုခွဲရေးအတွက် အလွန်အင်မတန် ဒေါသထွက်လျက်ရှိနေခဲ့သည့် ကုတရွှမ်းသည် သူ့အခန်းအတွင်းမှ ကုတင်ထက်ဝယ် သတိလစ်မေ့မြောနေပြီး လီတနီက အော်ဟစ်နေသည်ကို တွေ့ရှိကြရသည်။ "တရွှမ်း ဘာဖြစ်တာလဲ။ ရှင် ဘာဖြစ်လို့ လဲကျသွားရတာလဲ။...."
ကုကျန်းနှင့် ချင်လင်လင်တို့ အခန်းအတွင်းသို့ဝင်လာကြသည်ကိုမြင်သောအခါ လီတနီက ပိုမိုကျယ်လောင်စွာ အော်ဟစ်လေသည်။ "ရှင့်ကိုယ်ရှင် ကြည့်စမ်းပါဦး။ ဘာလို့များ ရှင့်သားကို အရမ်းစိတ်ဆိုးနေရသေးလဲ။ သူသာ မိသားစုခွဲချင်တယ်ဆို ခွဲလိမ့်မယ်ပေါ့ ရှင်က သူ့ကို တားနိုင်မှာ မို့လို့လား။"
"ကုကျန်း နင့်အဖေကို အရမ်းဒေါသထွက်အောင် လုပ်ထားပြီးတော့ နင် အခုကျေနပ်ပြီလား။ နင့် အဖေကို ဒေါသထွက်အောင် လုပ်ချင်သေးတာလား။ ငါတို့မိသားစုမှာ လူများများစားစား ရှိတာမဟုတ်ဘူး။ ဒါကိုတောင် နင်က မိသားစုခွဲဖို့အကြောင်းကိုပဲ တစ်ချိန်လုံးစဉ်းစားနေသေးတယ်။ နင့်အဖေကို သေစေချင်နေလို့လား။"
"ကုကျန်း လူမဆန်လောက်အောင် အတွေးအခေါ်မမဲ့စမ်းနဲ့။ မင်းအဖေသာ မရှိခဲ့ရင် ဒီနေ့ဒီလို မင်းဖြစ်လာမှာတောင် မဟုတ်ဘူး။ မင်းအဖေက မိသားစုမခွဲနဲ့လို့ ပြောနေရင် မခွဲနဲ့တော့ပေါ့။ မင်းကများ သူ့ကို ဒေါသထွက်လို့ရမယ်လို့ ထင်နေတာလား။ မိသားစုခွဲလိုက်တဲ့အခါ ကောင်းကောင်းဆိုးဆိုး မင်းက မင်းကိုယ်ပိုင်မိသားစုကို ထောက်ပံ့ဖို့ ငွေအများအပြားရနေဦးမယ်ဆိုပေမဲ့ ငါတို့ကိုတော့ မင်းက ဘယ်လိုရှင်သန်နေထိုင်စေချင်နေတာလဲ။"
လီတနီသည် ကျယ်လောင်စွာအော်ဟစ်နေပြီး တစ်ရွာလုံးနီးပါးကြားကြစေရန်ပင် တမင်ရည်ရွယ်လျက်ရှိပေသည်။ ဤသို့အားဖြင့် တစ်ရွာလုံးမှလူများသည် ကုကျန်းမှာ မသိတတ်သော သားတစ်ယောက်ဖြစ်ကြောင်း သိကုန်ကြစေရန်ဖြစ်ပေ၏။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...