Chapter 55.1

388 50 0
                                    

အခန်း ၅၅.၁ - ရှက်ရွံ့ခြင်း

ညဘက်တွင် ကောင်းစွာ အိပ်မပျော်သည့်အတွက် နောက်နေ့မနက်တွင်တော့ ကုကျန်းမှာ ပထမဆုံးအကြိမ်အဖြစ် အိပ်ရာထနောက်ကျလေသည်။

တစ်ဖက်ရှိ ချင်လင်လင်က နိုးလာသည့်အခါ ကုကျန်းမှာ အိပ်ရာအတွင်းတွင် ရှိနေသေးပြီး မနိုးလာသေးပေ။

နိုးလာလာချင်း ပထမဆုံးအချိန်တွင် သူ(မ)က ဘေးဘက်သို့ ကြည့်လိုက်သည်။ သူ(မ)အနေဖြင့် နဂိုအနေအထားအတိုင်း အိပ်စက်ခဲ့ကြောင်း သေချာအတည်ပြုပြီးသည့်နောက် ခံစားချက်ကောင်းသွားသည်။ နောက်ဆုံးတွင်တော့ သူ(မ)က ကုကျန်း၏ ရင်ခွင်အတွင်းမှ ထွက်လာခဲ့ခြင်းမျိုး မဟုတ်တော့ပေ။ သူ(မ)၏ အကျင့်အား ကိုယ့်ဘာသာ ဖြတ်တောက်နိုင်သွားပုံရပြီး ကောင်းကောင်း အိပ်စက်တတ်သွားသည့်ဟန်ပင်။

'ကောင်းတယ်။ ဒီအကျင့်အတိုင်း ဆက်ထိန်းထား

ရုံပဲ။'

ချင်လင်လင်က ပျော်ရွှင်နေပြီး ကုကျန်းက မျက်လုံးဖွင့်လိုက်သောအခါ တစ်ကိုယ်တည်း ပြုံးပျော်နေသော သူ(မ)အား တွေ့လိုက်ရလေသည်။

တစ်ယောက်ကိုတစ်ယောက် ကြည့်လျက်သားဖြင့် ချင်လင်လင်မှာ သူ(မ)အပြုံးအား ရုပ်သိမ်းချိန်မရှိလိုက်ဘဲ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

အချိန်အတန်ကြာသည့်နောက် သူ(မ)က လက်ကိုဆန့်ထုတ်လိုက်ကာ နှုတ်ဆက်သည့် ကိုယ်နေဟန်ထားလုပ်လိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ ကုကျန်း။"

ကုကျန်းက အကူအညီ မလိုအပ်သူဖြစ်ပေရာ ချက်ချင်း ထထိုင်လိုက်ကာ ပြောလေသည်။ "မင်္ဂလာနံနက်ခင်းပါ။"

ပထမလ၏ ပထမဆုံးရက်ဆိုသည်မှာ နေ့ရက်များအတွင်း အထွတ်အထိပ်ဖြစ်ပြီး နှစ်သစ်တစ်ခု၏ ပထမဆုံး ရက်လည်းဖြစ်ပေသည်။

ဤဒေသတွင် ဓလေ့ရိုးရာတစ်ခုရှိပေသည်။ နှစ်သစ်၏ ပထမဆုံးရက်တွင် မနက်စာကို အစောလျင်ဆုံး စားသောက်ကြရမည်ဖြစ်သည်။ ပုစွန်၊ ကဏန်းကဲ့သို့သောအရာများကို လွယ်ကူလျင်မြန်ဟင်းလျာဟု ခေါ်ဆိုကြပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား သွေးမစွန်းသောဟင်းလျာ (*T.N//သက်သတ်လွတ်ဟင်း) ဟု ခေါ်ဆိုကြလေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now