Chapter 59.2.1

295 42 0
                                    

အခန်း ၅၉.၂.၁ - ပထမဆုံးအကြိမ် (၂)

ချင်လင်လင်မှာလည်း အပြန်လမ်းတွင် မျက်ရည်ကျနေလေသည်။ သူ(မ)သည် ဖွားဖွားကျောက်နှင့် ပထမဦးလေးတို့မိသားစုဖြင့် အတူနေသည်မှာ တစ်ရက်မျှလောက်သာ ရှိပါသော်လည်း ထိုဆွေမျိုးများ၏ အသေးစိတ် ဂရုစိုက်မှုများအား ထိုတစ်ရက်ဖြင့်ပင် ကောင်းစွာ ခံစားသိရှိမိသည်။

သူ(မ)သည် ခံစားချက်များအားလုံးအား ထူးမခြားနားသည့်တစ်ဖွယ် သဘောထားသော်လည်း အမှန်တကယ်တွင်မူ သူ(မ)က စိတ်ခံစားလွယ်သူ၊ သံယောဇဉ် တွယ်တတ်လွန်းသူဖြစ်ပေသည်။ အထူးသဖြင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည့် မိသားစုဆက်ဆံရေးမျိုးဆိုလျှင် သူ(မ)က ပိုမိုအလေးထားတတ်ပေသည်။

ကုကျန်းက နှစ်သိမ့်ပေးလေသည်။ "ငါ နောက်တစ်ခါ ပြန်လာတဲ့အခါလည်း အဖွားကို သွားတွေ့ကြမယ်လေ။"

"အင်း ရှင် မကြာခဏ ပြန်လာရမယ်နော်။"

"....ကောင်းပြီ။"

ကုကျန်းသည်လည်း သဘောတူလက်ခံစကားအား မပြောခင် အနည်းငယ် တွန့်သွားရသေး၏။

အမယ်အို၏ ကျန်းမာရေးမှာ အစောပိုင်းက အတော်ကလေး ကောင်းမွန်ပေသည်။ သို့သော် *ခေါင်းဖြူနေသည့် လူအိုက ခေါင်းအနက်ရောင်နှင့်လူကို ထောက်ပံ့ပေးနေရသည့် အချိန်ကစ၍ သူ(မ)၏ ကျန်းမာရေးက တဖြေးဖြေး ဆိုးရွားလာခဲ့သည်။ အမယ်အို၏ မျက်နှာသွင်ပြင်ကို ကြည့်လျှင် အလွန်ပွင့်လင်းသောသူဟု ထင်ရသော်လည်း အမှန်တကယ်တွင်တော့ သူ(မ)က တစ်ကိုယ်တည်း မျိုသိပ်ခံစားနေရသည်မှာ နှစ်ပေါင်း (၂၀) ကျော်လေပြီ။ သူ(မ)က မိသားစုအတွင်းမှ မည်သူ့ထက်မဆို ပို၍ မသက်မသာ ခံစားရလေသည်။

(*T.N//အသက်အရွယ်ကြီးနေသည့် မိဘက ကျန်းမာသန်စွမ်းနေသည့် သားသမီးကို ထောက်ပံ့ပေးနေရခြင်းကို ရည်ရွယ်ပါသည်။)

သူ(မ)ခင်ပွန်း ဆုံးသွားသည့်နောက်တွင် ဖွားဖွားကျောက်က ချက်ချင်းလက်ငင်းဖြင့် ခေါင်းတစ်ခုလုံး ဖြူဆွတ်သွားခဲ့ရပြီး သူ(မ)ထံတွင် အရင်းနှီးဆုံး ဆွေမျိုးများသာ ကျန်ရှိနေတော့သည်။ အမယ်အိုက မည်မျှ ကြံ့ခိုင်သူဖြစ်ပါစေ စိတ်ဒဏ်ရာရသွားပြီဖြစ်ပါ၍ အစောပိုင်းကကဲ့သို့ မကျန်းမာနိုင်တော့ပါပေ။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now