Chapter 20

1.7K 155 0
                                    

အခန်း ၂၀ - ကုကျန်း၏လက်ဆောင်

ကုကျန်းသည် သူတို့မိသားစုရှိ စက်ဘီးဖြင့် ချင်လင်လင်အား မြို့သို့ခေါ်သွားလေသည်။

ဒါရိုက်တာလျို၏ စက်ဘီးသည် ကုယောင်က သွားပြန်ပေးလိုက်ပြီးပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤခေတ်ကာလများအတွင်း စက်ဘီးများသည် တန်ဖိုးကြီးအရာများဖြစ်နေသေးသည်။ အခြားသူက သူတို့အား ငှားပေးထားသည်ဆိုလျှင်ပင် သူတို့အနေဖြင့် မြန်မြန်ပြန်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ ဤသို့ဖြင့် တစ်စုံတစ်ရာ ပျက်စီးထိခိုက်တာမျိုး မရှိနိုင်တော့ပေ။

ချင်လင်လင်သည် စက်ဘီးအနောက်ခုံ၌ ထိုင်လျက်ရှိပြီး သူ(မ)ရှေ့တွင် ကုကျန်း၏ ဖြောင့်စင်းလှသော နောက်ကျောကရှိနေကာ ခြေနင်းခုံအားနင်းလျက် ဘီးများလည်ပတ်လျက်ရှိနေသည့် စက်ဘီး၏အသံအား နားစွင့်နေလေသည်။

ပတ်ဝန်းကျင်က အင်မတန် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။ နွေနှောင်းဆောင်းဦးလေပြေက သူတို့မျက်နှာများအပေါ် ဖြတ်ပြေးသွားပြီး မြက်ခင်းစိမ်းများရနံ့ ရောယှက်ပါဝင်နေသော လေထုရနံ့က သင်းပျံ့နေလျက်ရှိကာ လူသားတို့၏ စိတ်နှလုံးအား တဖြေးဖြေး ငြိမ်သက်အေးဆေးသွားစေလေသည်။

ချင်လင်လင်သည် အများအပြား တွေးတောနေမိပြီး ပြီးခဲ့သော တစ်လအတွင်း သူ(မ)အနေဖြင့် ကြုံတွေ့ဖြတ်သန်းခဲ့ရသော အဖြစ်အပျက်များက သူ(မ)ယခင်ဘဝက ဆယ်စုနှစ် ၂ စုခန့် ကြုံတွေ့ခဲ့ရသည့် အဖြစ်များထက် ပိုမိုများပြားနေကြောင်း တွေးနေမိလေသည်။

ရှင်းပြ၍မရနိုင်စွာဖြင့် ကမ္ဘာကူးပြောင်းလာပြီးနောက် ယောက္ခမတော်စပ်သူ၏ မိသားစုအတွင်း၌ ရှိနေခဲ့သည့်အပြင် သေဆုံးသွားပြီဖြစ်သည့် ခင်ပွန်းဖြစ်သူကလည်း ပြန်ရောက်လာခဲ့သည်။ ယခုအခါ သူ(မ)သည် ထိုခင်ပွန်းဖြစ်သူနင်းလာသည့် စက်ဘီးနောက်ခုံတွင်ပင် ထိုင်လိုက်လျက်ရှိနေချေပြီ။

"ကုကျန်း" ချင်လင်လင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

အရှေ့ဘက်ရှိလူက ရုတ်တရက် ကြောင်အသွားသည်။ ထို့နောက် စက်ဘီးအား ဖြေးညင်းစွာရပ်တန့်လိုက်လေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now