အခန်း ၅၃.၂ - လပြက္ခဒိန်၏ နှစ်သစ်ကူးကာလ
ကုကျန်းက ထိုအပင်များအား စားနေသည်ကို မြင်ရသောအခါ ချင်လင်လင်က မျက်တောင်မခတ်စတမ်းသေချာစိုက်ကြည့်နေခဲ့၏။ ကြည့်လေကြည့်လေ ပျော်ရွှင်လေခံစားနေရပြီး တတိယမြောက်အပင်ကို စားခါနီးတွင် ချင်လင်လင်က ဆွဲယူလိုက်သည်။
"ကောင်းပြီ နှစ်ပင်ပဲ စားတော့။ ရှင့်သွားတွေ ကျိန်းလွန်းလို့ ထွက်ကျလာမှာကို စိုးရိမ်မိပါရဲ့။"
"အင်းပါ။"
ကုကျန်းက ရယ်မောနေလေသည်။ ချင်လင်လင်က ထိုအပြုံးကို အာရုံစိုက်လိုက်မိသည်။ သူ(မ)က ချောမောလှသော ရုပ်ရည်မျိုးနှင့်ပတ်သက်လာလျှင် သူ(မ)၏ခံစားချက်များက စစ်မှန်ရိုးရှင်းပေသည့်အတွက် (*T.N// စိတ်ရင်းမှန်ဖြင့် အင်မတန်နှစ်ခြိုက်မိပါသည့်အတွက်) မသိစိတ်အရ စစ်မှန်သည့်အပြုံးတစ်ရပ်အား သူ(မ)မျက်နှာတွင် ပေါ်ထွက်လာစေပြီး ချင်လင်လင်မှာ ရူးနှမ်းနေသည့်အပြုံးကြီးသဖွယ် ရှိလှသည်။
"ဘာဖြစ်လို့လဲ။" ကုကျန်းက ရုတ်တရက် မေးသည်။
သူ(မ) အသိစိတ်ပြန်ကပ်လာသည့်အခါ အလျင်စလို ချောင်းဟန့်လိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။"
သူ(မ)အနေဖြင့် ယခုလေးတင် ကုကျန်း၏အပြုံးကြောင့် မှင်သက်သွားရသည်အထိ ပြုစားခံလိုက်ရပါကြောင်း ပြောပြလို့ ဧကန်မရနိုင်သည်ပင်။
အရာအားလုံးအား လျစ်လျူရှုထားလိုက်ပြီး ကုကျန်း၏ ရုပ်ရည်သွင်ပြင်ကိုပဲ ကြည့်မည်ဆိုလျှင်တောင် အနုပညာအသိုင်းအဝိုင်းမှ လတ်ဆတ်သောအသားတုံးကလေးများထက် သူက ပို၍ကြည့်ကောင်းပေသည်။ ယခုနောက်ပိုင်းဆိုလျှင် အနုပညာအသိုင်းအဝိုင်းမှ လတ်ဆတ်သောအသားတုံးကလေးများမှာ မိန်းမဆန်ဆန် နုနုနွဲ့နွဲ့ကလေးများဖြစ်လာကြကာ သန်မာကြံ့ခိုင်သော ကြွက်သားများနှင့်သူများမှာ မရှိသလောက် နည်းလာကြသည်။ ကုကျန်းကဲ့သို့ ကြွက်သားများဖြင့် အလွန်ကြံ့ခိုင်သန်မာလှပြီး ဆွဲဆောင်မှုရှိသောသူမျိုးမှာ အင်မတန်ရှားပါးလှသည်။
ရှက်ရွံ့မှုကို ရှောင်ရှားရန်အတွက် သုံးရွက်ဆိုင်ပင်အစုအရုံးအား ညွှန်ပြလိုက်လေသည်။ "ဒီပန်းတွေကို ကောက်သွားပြီ အိမ်မှာ ပန်းအိုးထိုးထားကြရအောင်။ နှစ်သစ်ကူးမှာ အရောင်အသွေးစုံစုံလင်လင်ဖြစ်အောင်လည်း ဖြည့်လို့ရတာပေါ့။"
![](https://img.wattpad.com/cover/371795554-288-k367696.jpg)
أنت تقرأ
နိုဗယ်ထဲရောက်သွားတယ်
خيال (فانتازيا)ဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...