Chapter 30

1K 100 0
                                    

အခန်း ၃၀ - ငြင်းပယ်မှု

ချင်လင်လင်သည် သူ(မ)၏ ပေါပေါပဲပဲနိုင်လှသော ယောက္ခထီးက စက်ဘီးလဲလှယ်ရန် တောင်းဆိုလာသောအခါ မည်သည့်အမူအရာမှ မပြပေ။ သို့သော်လည်း သူ(မ)အနေဖြင့် ဟားတိုက်၍ ရယ်မောချင်လှမိသည်။

'စက်ဘီးချင်းလဲပေးခိုင်းဖို့ ပြောရအောင် သူ့ကိုဘယ်သူကများ သတ္တိတွေပေးလိုက်တာပါလိမ့်။'

ချင်လင်လင်သည် မည်သို့မှ မပြောပေ။ ကုတရွှမ်းသည် မည်သို့ဆက်လုပ်ရမည်မှန်းမသိနိုင်အောင် ဖြစ်နေရပြီး မတတ်သာစွာဖြင့် ထပ်မံပြောပြန်သည်။ "အခု ငါမင်းကို ပြောတဲ့အကြောင်းကို မင်းရော ဘယ်လိုထင်လဲ။"

ချင်လင်လင်သည် ထိုဆန်ကုန်မြေလေးအဘိုးကြီး၏ခေါင်းအား ထုရိုက်ပစ်ချင်မိပါ၏။ သို့သော်လည်း သူ(မ)မျက်နှာသည် အေးဆေးတည်ငြိမ်နေလျက်ရှိပြီး ယဉ်ကျေးစွာ ပြောလေသည်။ "အဖေ ကျွန်မက မလုပ်ချင်တာတော့ မဟုတ်ပါဘူး။ အဖေက ကျွန်မကို မတွေးရဲအောင် လုပ်နေတာပါပဲ။"

"ဘာလို့ မတွေးနိုင်ရတာလဲ။ စက်ဘီးချင်းလဲလိုက်ရုံပါပဲ။ မင်းက ငါတို့စက်ဘီးကို စီးလိုက်။ ငါတို့မိသားစုမှာက လူတွေအများကြီးရှိတာဆိုတော့ မင်းစက်ဘီးက ငါတို့မိသားစုအတွက် ပိုအဆင်ပြေတာပေါ့။"

"အဖေ တကယ်လို့ ဒီစက်ဘီးက ကျွန်မကိုယ်တိုင်ဝယ်ထားတာဆိုရင်တော့ ကျွန်မ အဖေတို့ကို အပိုင်ပေးလိုက်မှာပါ။ စက်ဘီးချင်းလဲနေစရာတောင် မလိုပါဘူး။ အလုပ်ပြီးလို့ ပြန်လာနိုင်ရင်ကို ကျွန်မအတွက် အဆင်ပြေနေပြီးပါပြီ။ ဒါပေမဲ့ စက်ဘီးက ကုကျန်းဝယ်ထားတာ။ သူက အခုအိမ်မှာမရှိဘူးလေ။ အဲဒါကြောင့် ကျွန်မအတွက် သူ့ကို ချက်ချင်းအကြောင်းကြားပြီး ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်ဖို့လည်း ခက်ပါတယ်။"

ချင်လင်လင်သည် ကြောက်တတ်သည့် ဇနီးသည်တစ်ဦးဟန်ဆောင်နေလေသည်။ သူ(မ)အနေဖြင့် အိမ်တွင်းရေးများတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ မချရဲပါသည့်ဟန်ပင်။

'ဒီလိုဆိုတော့ ဒါက ငြင်းလိုက်တာများလား။'

"အဖေ ကုကျန်းပြန်လာအောင်ထိ စောင့်မယ်ဆိုရင် အဖေ သူ့ကို ထပ်ပြောလိုက်လို့ရတယ်။ ငွေကြေးကုန်ကျစရိတ်ကလည်း သူပဲကျခံတာဖြစ်ပြီး ကူပွန်လက်မှတ်ကလည်း သူ့ဟာပဲဆိုတော့‌လေ။ ကျွန်မက ဆုံးဖြတ်ပေးလို့ မရနိုင်လို့ပါ။" ချင်လင်လင်က ထပ်မံပြောကြားလိုက်သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now