Chapter 54.1

359 51 0
                                    

အခန်း ၅၄.၁ - ကုကျန်း အိပ်မပျော်နိုင်ပါ။

အစပိုင်းတွင် ချင်လင်လင်မှာ ဗျောက်အိုးအား မီးမတို့ရဲပါပေ။ အနီးအနားတွင် မတ်တတ်ရပ်၍ ကြည့်နေရုံသာ လုပ်ရဲလေသည်။ အနီးသို့လည်း သိပ်မကပ်ပါချေ။ ဗျောက်အိုးက "ဖောင်း" ကနဲ့ မြည်ကာ ပေါက်သွားသည့်အချိန်တွင် သူ(မ)က နားကိုအုပ်ထားလျက် နောက်ဆုတ်သွားတတ်သေးသည်။ ထိုအခါ မောင်နှမနှစ်ဦးက သဘောကျစွာ ရယ်မောတတ်ကြသည်။

အင်မတန် ရဲရင့်ဟန်ရပါသည့် ချင်လင်လင်က ဗျောက်အိုးသံအား ကြောက်ရွံ့လိမ့်မည်ဟု မည်သူကများ ထင်ကြပါလိမ့်မည်နည်း။

ကုယောင်က ချင်လင်လင်အား ရယ်မောနေလေသည်။ "ယောင်းမ... ရွာထဲက ၃ နှစ်ကလေးတောင် ဒါကိုမကြောက်ဘူးရယ်။ နင် ဘာလို့ အရမ်းကြောက်တာလဲ။"

သည်တော့ သူ(မ)က ၃ နှစ်ကလေးလောက်တောင် သတ္တိမရှိသည့် သဘောများပေလော။

ရယ်မောရသည်ကို နှစ်သက်ဟန်မရှိပါသည့် ကုကျန်းပင်လျှင် ယနေ့တွင် အတော်ကလေး ရယ်မောနေလေသည်။ သူ(မ)အား ရယ်မောနေသည်မှာ သိသာလှပေသည်။

ချင်လင်လင်မှာ ရှက်ရွံ့လွန်း၍ သေလုနီးပါးပင်။

လူသားများ၏ စရိုက်သဘာဝမှာ လှပ၍ ကြင်နာတတ်ကြသည်ဟု ဆိုလေ့ရှိကြသည်။ ထိုမောင်နှမနှစ်ဦးသားမှာ သူ(မ)အား ဤသို့ ရယ်စရာအဖြစ် သဘောထားနေကြသည်မှာ သင့်တော်တရားပါ၏လော။

သူ(မ)အနေဖြင့် ဗျောက်အိုးအား အမှန်တကယ်ပင် ကြောက်ရွံ့မိပါ၏။

သူ(မ)ငယ်စဉ်က နေထိုင်ခဲ့သော မိဘမဲ့ ဂေဟာရှိသည့်နေရာမှာ သေးငယ်သော ကောင်တီမြို့ကလေးသာဖြစ်သည်။ သူ(မ)သည်လည်း ကောင်ကလေးများ ဆော့လေ့ရှိသည့် ‌ဗျောက်အိုးများအား ဆော့ကစားလေ့ရှိခဲ့သည်။ ဗျောက်အိုးဗူးကလေးပတ်လည်အား ရေးခြစ်ကာ အဝေးသို့ ပစ်ပေါက်လေ့ရှိသည်။ ခဏအကြာတွင် ထိုဗူးကလေးက အသံမြည်ကာ ပေါက်ကွဲသွားမည်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ကောင်းလှသည်။ သတ္တိရှိသည့် မောင်နှမအချို့က ဗျောက်အိုးအား ကရာအိုးအတွင်း သို့မဟုတ် ထည့်သွင်းလို့ရနိုင်သည့် ပစ္စည်းတစ်မျိုးမျိုးအတွင်းသို့ ထည့်လိုက်ကြပြီး ဆော့ကစားတတ်ကာ အငယ်လေးများအား တမင်တကာ ခြောက်လှန့်ပေါက်ကွဲစေကာ ဆော့ကစားလေ့ရှိကြသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now