Chapter 16

1.2K 128 1
                                    

အခန်း ၁၆ - မြှောက်ထိုးပင့်ကော်

ကုကျန်းနှင့် ချင်လင်လင်တို့က ညစာစားကြရန် ပြင်ဆင်နေကြသည်နှင့်တစ်ပြိုင်နက် ကုတရွှမ်းလည်း အိမ်ပြန်ရောက်လာလေသည်။ သူ၏ပေါက်ပြားအား "ဘုမ်း" ခနဲမြည်သွားအောင် မြေပေါ်ချလိုက်ပြီး သူအိမ်ပြန်ရောက်ပြီဖြစ်ကြောင်း အိမ်ရှိလူတိုင်းအား သိစေ၏။

"အဖေပြန်လာပြီ။" ကုယောင်က ပြောသည်။

ချင်လင်လင်သည် ကုကျန်းအား လှည့်ကြည့်လိုက်သည်။ ထို့နောက် အိမ်ပြင်ဘက်မှ စကားပြောသံများ ဝိုးတဝါးကြားလိုက်ရသည်။ ဤသည်က လီတနီသည် သူ့ခင်ပွန်းအား စကားပြောနေခြင်းဖြစ်ပေမည်။

"ရှင့်သားပြန်ရောက်နေပြီ။"

ကုတရွှမ်း၏ပေါက်ပြားလက်ကိုင်ရိုးမှာ သူ့လက်အတွင်း ကိုင်ဆောင်ထားဆဲဖြစ်သည်။ ထိုစကားအားကြားသောအခါ သောက်လက်စ ဆေးလိပ်ပင် သီးသွားလေသည်။ "မင်း ဘာပြောတာ။"

သူစကားပြောသောအခါ သူ့ပါးစပ်က ဆေးလိပ်အား ခဲထားဆဲဖြစ်ကာ (ချွေးများဖြင့်) တလက်လက်ထနေသည့် အသားညိုညိုသူ့မျက်နှာထက် ဆေးလိပ်ငွေ့များဝေနေလေသည်။ အံ့အားသင့်မှုများအပြင် စိတ်လှုပ်ရှားဝမ်းသာမှုများလည်း ရှိနေလေသည်။

လီတနီက မကျေမနပ်ဖြင့် မျက်လုံးလှန်လိုက်မိပြီး ထပ်ပြောလေသည်။ "ကျွန်မပြောနေတာ... ရှင့်သားက မသေဘူး သူပြန်ရောက်နေပြီလို့"

"တကယ်လား"

"ကျွန်မက ရှင့်ကို ဘာလို့လိမ်ပြောမှာလဲ။ အခု သူ အိမ်ထဲမှာ"

ကုတရွှမ်းသည် ခြေထောက်များဆေးကြောနေခြင်းမလုပ်တော့ဘဲ အိမ်အတွင်းသို့ အလျင်အမြန် ဝင်ချသွားရန်ပြင်လေသည်။ သို့သော် သူက အိမ်အတွင်းဝင်ဖို့ လှည့်လိုက်စဉ်မှာပင် လီတနီသည် သူ့အင်္ကျီစအား အလျင်စလို ဆွဲထားလိုက်သည်။ "အာ... ခဏလောက်စောင့်လိုက်ဦး။"

"တခြားကိစ္စရှိသေးတာလား။"

"ဒီနေ့ ရှင့်သားပြန်လာတော့ သူ ကျွန်မကို ဘာပြောလဲဆိုတာ ရှင်သိလား။"

"သူဘာပြောလို့လဲ။"

"ရှင့်သားက အရမ်းရိုင်းစိုင်းတာ။ ဒီနေ့ ကျွန်မအပြင်က ပြန်လာတော့ ရှင်က သူ့အတွက် စိတ်ပူနေတဲ့အကြောင်းနဲ့ သူပြန်ရောက်လာလို့ ကျွန်မတို့ အရမ်းကို စိတ်သက်သာရကြောင်းပြောပြတာ။ သူ ဘာပြန်ပြောတယ်ထင်လဲ။ သူက ကျွန်မကို သေအောင် ကျိန်ဆဲပြောဆိုတာကလွဲပြီး တခြားဘာမှ မပြောသွားဘူး။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now