အခန်း ၁၀ - ရောင်ကိုင်းနေသောမျက်နှာနှင့် ထိုးခံထားရသော နှာခေါင်း
အဖွဲ့ ၃ ၏ခေါင်းဆောင် လီကျန်းယဲ့သည် အသားညိုညို၊ အရပ်ရှည်ရှည်ဖြင့် ပိန်ပိန်ပါးပါးရှိကာ စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားတစ်ယောက်ထံမှ တရွတ်တိုက်ဆွဲလျက် ခေါ်လာခြင်းခံရလေသည်။သူသည် ရှက်စဖွယ်ကောင်းသည့် အခြေအနေတွင်ရှိနေပြီး သူ့နောက်တွင်လည်း ပညာတတ်အမျိုးသမီးငယ် ချင်လင်လင်က လိုက်ပါလာသေးသည်။ သို့သော် ပုံမှန်ဆို မာနကြီးကာ ခပ်တန်းတန်းနေတတ်သည့် ခေါင်းဆောင်လီသည် ယခုအခါ ရောင်ကိုင်းနေသောမျက်နှာနှင် ထိုးခံထားရ၍ ပြာနှမ်းနေသော နှာခေါင်းတို့ရှိနေသည်။ သူခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်တွင် လူးလှိမ့်ထားသကဲ့သို့ ညစ်ပေနေသေးပြီး တစ်စုံတစ်ယောက်ထံမှ တရွတ်တိုက် ဆွဲခေါ်ခံလာရလေသည်။
ချင်လင်လင်သည် ရောင်ကိုင်းနေသောမျက်နှာနှင့် ထိုးခံထားရ၍ ပြာနှမ်းနေသော နှာခေါင်းတို့ရှိနေသည့် လီကျန်းယဲ့အား ကြည့်လိုက်ရင်း ရွှံ့တောထဲများ လူးလှိမ့်သွားလေသလားဟု အံ့အားကြီးနေမိသည်။
ငှက်ပျောတောသည် အများအားဖြင့် စွတ်စိုလျက်ရှိချေသည်။ မနေ့ညက မိုးပြေးကလေးတစ်ချက်ရွာသွန်းခဲ့သောကြောင့် မြေပြင်က စွတ်စိုနေလျက်ရှိပေသည်။ ကုကျန်း၏ ထိုးနှက်ချက်များနှင့် ကန်ချက်များကို ရှောင်ရှားရန်အတွက် သူက လူးလှိမ့်နေခဲ့ပြီး ဤသို့အားဖြင့် သူ့အပေါ်ကျရောက်လာမည့်ကန်ချက်များနှင့် ထိုးနှက်မှုများအား ရှောင်ရှားကာကွယ်နိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။
သူ၏ရောင်ကိုင်းနေသော မျက်နှာက ပေါက်ဆီထက်ပင် ပို၍ဖောင်းပွနေလေရာ ချင်လင်လင်မှာ သူ့အစား အတော်ကလေး မသက်မသာ ခံစားရလေသည်။
သို့သော် သူ့အား ဤသို့သောပုံစံမျိုးဖြင့်မြင်တွေ့ရသည်ကို ဝမ်းသာရွှင်မြူးလျက် ရှိလှသည်မှာ အမှန်ပင်ဖြစ်သည်။
'ဖြစ်သင့်တယ်'
သူ့စိတ်အတွင်းတွင် ဤကဲ့သို့ ညစ်ပတ်ဆိုးယုတ်လှသောအတွေးများကို မည်သူက ခွင့်ပြုပေးခဲ့ပါ၍နည်း။ အဖွဲ့ခေါင်းဆောင်ဖြစ်သည်နှင့်ပင် လုပ်နိုင်ကိုင်နိုင်သည်ဟု တွေးထင်ရအောင် မည်သူက ခွင့်ပြုပေးခဲ့ပါသနည်း။ သူသည် လက်ထောက်မန်နေဂျာအဆင့်လောက်တောင် မရှိသည့် အဖွဲ့ငယ်လေး၏ ခေါင်းဆောင်အဆင့်မျှသာ ဖြစ်ပါလျက် ကောင်းကင်ကိုပင် အုပ်စိုးနိုင်သည့်တစ်ဖွယ် ထင်မှတ်နေခဲ့ပေသည်။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...