Chapter 45

578 83 0
                                    

အခန်း ၄၅ - အသားများလာပို့ခြင်း

ကုယောင်သည် ယောင်းမအား မြင်တွေ့လိုက်ရသောအခါ တင်းခံထားသော မျက်ရည်များက တောက်လျှောက်ကျဆင်းလာတော့သည်။ "ယောင်းမ..."

"ဘာဖြစ်တာလဲ။ နင့်မျက်နှာကို ဘယ်သူရိုက်တာလဲ။"

ကုယောင်သည် လီတနီအား ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောပေ။

ကုယောင်၏ အကြည့်များအတိုင်း လိုက်ကြည့်ရင်းဖြင့် သူ(မ)မျက်နှာကို ထိုသို့လုပ်သူမှာ မည်သူဖြစ်ပါကြောင်း ချင်လင်လင်သည် တွေးတောကြည့်နေရန်ပင် မလိုပါချေ။

ချင်လင်လင်သည် လီတနီအား တိုက်ရိုက်ညွှန်ပြပြီး မေးလိုက်သည်။ "သူ နင့်ကို ရိုက်တာလား။"

ကုယောင်က ခေါင်းညိတ်ပြသည်။

"အန်တီတနီ ကုယောင်က ဘာအမှားလုပ်ခဲ့လို့ ရှင်က သူ့ကို ဒီလိုရိုက်နှက်ရတာလဲ။ လူတွေကို ရိုက်ချင်တိုင်း ရိုက်လို့မရဘူးဆိုတာ ရှင်သိရဲ့လား။"

လီတနီက နှာမှုတ်လိုက်သည်။ "နင်ဘာလို့ ထပ်ပြီး ရန်မဖြစ်တော့တာလဲ။ သူဘာလုပ်ခဲ့သလဲဆိုတာ နင်သိတောင် မသိဘဲနဲ့။"

"ဒါဆို ရှင် သူ့ကို ရိုက်နှက်ရလောက်အောင်ထိ သူ ဘာလုပ်ခဲ့လို့လဲ။"

"ငါ..." လီတနီသည် မည်သည့်အကြောင်းအရာကို ပြောသင့်မှန်းမသိစွာဖြင့် ကုယောင်အား ကြည့်နေလေသည်။

ထို့နောက် ကုယောင်ပြောသည်ကို ကြားလိုက်ရသည်။ "ယောင်းမ ဝက်တွေက ငါ မွေးထားတာ။ အဲဒီတော့ ငါက အသားနည်းနည်းလောက် နင့်ကိုပေးတော့ ဘာဖြစ်သလဲ။ သူက ဘာကြောင့်များ ငါ နင့်ကိုပေးဖို့ သဘောမတူနိုင်ရတာလဲ။"

"ဟမ့်... ဘာဖြစ်လဲ... ဘာဖြစ်လဲ။ ငါတို့က အစောပိုင်းကတည်းက မိသားစုခွဲပြီးပြီ။ ပင်မမိသားစုနဲ့ ဝေစုအတူတူ ရချင်မနေနဲ့။ အခု နင့်စကားကြောင့်နဲ့ နင်စိတ်ကြိုက် လုပ်နိုင်နေမယ်မထင်နဲ့။ အခု ငါက ဝက်သားတွေ မပေးတော့ ဘာဖြစ်လဲ။"

ကုယောင်သည် သူ(မ)၏ မျက်ရည်များအား သုတ်လိုက်သည်။ "ကျွန်မက ဝက်တွေကို မွေးခဲ့တာလေ။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now