Chapter 59.2.2

288 32 0
                                    

အခန်း ၅၉.၂.၂ - ပထမဆုံးအကြိမ် (၂)

ထိုစဉ် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ပညာတတ်မိန်းကလေး ချင်လင်လင်က သူ့အိမ်သားကို အရှက်ခွဲနေတာ မဟုတ်ဘူးလား။"

လူတိုင်းက ပေါ့ပေါ့ပါးပါး ရယ်စရာတစ်ခုနှယ် ရှုမြင်နေကြချိန်ဝယ် ထိုစကားကိုကြားသောအခါ ထိုအသံရှင်ကို ကြည့်လာကြသည်။ ထိုသူမှာ သူတို့ရွာသားနှင့် လွန်ခဲ့သော တစ်နှစ်ကျော်လောက်ကမှ လက်ထပ်ထားသော ဇနီးအသစ်ကလေးဖြစ်ပေသည်။

"လောင်ထယ်ရဲ့ဇနီး... ဒီဟာက ဘယ်လိုလုပ်ပြီး အရှက်ခွဲတာ ဖြစ်ပါ့မလဲ။ ခင်ပွန်းက သူ့ဇနီးကို သူ့ကျောပေါ်မှာ ပိုးလာတာလေ။ ခင်ပွန်းအတွက် အရှက်ရစရာ ဘာရှိလို့လဲ။ ဖောက်ပြန်နေတဲ့ ဇနီးသည်ကသာ ခင်ပွန်းကို အရှက်ခွဲတာပါ။" တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။

အစောပိုင်းက ပြောလိုက်သော အမျိုးသမီးမှာ ကျောက်ဖုန်းဖြစ်ပြိီး သူ(မ)၏ အမျိုးသားမှာ ကုထယ်ဖြစ်ပေသည်။ လူအများက သူ(မ)အား လောင်ထယ်ရဲ့ဇနီးဟု ခေါ်တတ်ကြသည်။ သူ(မ)အား ပြန်ပြောလိုက်သောသူမှာလည်း ရွာအတွင်းရှိ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကာ လီထောင်ဟွားဖြစ်ပေသည်။ သူ(မ)က အသက်အနည်းငယ်ပိုကြီးပြီး သူ(မ)အား အစ်မထောင်ဟွားဟု ခေါ်တတ်ကြသည်။

ကျောက်ဖုန်းက သူ(မ)၏စကားကို ကြားသောအခါ စက်ဆုပ်စွာပြောလေသည်။ "ဒီမိန်းမက အိမ်မှာပဲနေပြီး ဘာမှတောင် မလုပ်နိုင်ဘဲနဲ့ အမျိုးသားတစ်ယောက်ကို ဒီလိုရူးရူးနှမ်းနှမ်းအရာမျိုးလုပ်ဖို့ စေခိုင်းသေးတယ်။ အဲဒါက အဲဒီမိန်းမ အမှားလုပ်နေတာပဲ မဟုတ်လား။ အဲဒါ မှန်ကန်တဲ့ လုပ်ရပ် ဟုတ်နေလို့လား။ ဘာပဲပြောပြော ရှင်က ဒါကို အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်နေတာ မဟုတ်လား။ ဘာလို့လဲဆိုတော့ ရှင်ကလည်း လူမြင်ကွင်းမှာ ရိုးသားတဲ့သူလို ဟန်ဆောင်နေပြီး အခန်းတံခါးပိတ်သွားရင်တော့ ကိုယ့်ခင်ပွန်းကို အနိုင်ကျင့်နေကျသူ ဖြစ်နေလို့နေမှာပေါ့။"

အစ်မ ထောင်ဟွားသည် သူ(မ)၏စကားများအား ကြားပြီးသည့်နောက် စိတ်မကြည်တော့ပေ။ "လောင်ထယ်ဇနီး... နင်ပြောတာ လွန်နေပြီနော်။ ခင်ပွန်းက သူ့ဇနီးကို ကျောပေါ်မှာသယ်လာယုံပါပဲ။ အရှက်ရစရာကောင်းတဲ့ ဘာအပြုအမူကိုမှ မလုပ်ပါဘူး။ နင်ပြောနေတဲ့ပုံစံမျိုး မဟုတ်ဘူး။ ပြောရမယ်ဆိုရင် တခြားသူက ဘာဖြစ်နေလဲဆိုတာတောင် နင် မသိနိုင်ဘူး။ တကယ်လို့ သူကခြေထောက်နာနေတာမျိုး၊ ဒါမှမဟုတ် ခါးနာနေတာမျိုး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ နင်ပြောသလိုမျိုးသာဆို ကိုယ့်ဇနီးကိုပစ်ချထားပြီး တစ်ယောက်တည်း ပြန်လာခဲ့ရမှာလား။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now