အပိုင်း ၈၈

50 3 0
                                    

                  လူသားတွေဆိုသည်က ကိုယ့်အပေါ်ကောင်းသူ ဆိုးသူ တစ်ထိုင်တည်းကြည့် ဝေဖန်ဆုံးဖြတ်ချက် ချကြသည်မဟုတ်။ရက်ရှည်လများ နှစ်ရှည်လများ ထိုသူက ကိုယ့်ပေါ်ထားသည့် အပြုအမူ အပြောအဆို စိတ်ရင်းစေတနာ စသည်တို့ကိုကြည့်ပြီးမှ ဆုံးဖြတ်လေ့ရှိကြသည်။
             လူတစ်ဦးက တခဏတာအတွင်း ကိုယ့်စီလာ မင်းတို့ကို စေတနာထားပါသည် ကူညီကယ်တင်ပေးချင်ပါသည် ပြော မည်သူမျှမယုံ။တစ်ချို့ကိစ္စရပ်များတွင် ပြုလုပ်သူက အမှတ်အသားမရှိခဲ့လဲ ခံရသည့်သူဖက်က ရင်ထဲအက်ကြောင်းထပ် အရိုးစွဲသွားပါက ဖျက်ရလွယ်သော အကြောင်းအရာများမဟုတ်တော့။
             ကိုယ်က မည်မျှကောင်းပေးပါမည် ကူညီကယ်တင်ပေးပါမည် ပြောလဲ ယုံဖို့လွယ်ကူတော့မည်မထင်။
             ခုဦးကိုနှင့် သူတို့ကိစ္စကလဲ ထိုသို့ဖြစ်နေချင်းပင်။သူတို့အပေါ် ဦးကိုတို့ စေတနာ မရှိခြင်း၊မည်သည့်အခါမှ မကူညီ မကယ်တင်လိုခြင်း၊ ကူညီခဲ့လျင်လဲ သူတို့ထံမှ တစ်စုံတစ်ခု အကျိုးမျှော်၍ ဒါမှမဟုတ်အကျိုးလို၍ကူညီခြင်း ဆိုတာ သူတို့စိတ်တွေထဲ အရိုးစွဲ ထင်နေသည့် ဖျက်ရမလွယ်တော့သည့် အက်ကြောင်းကြီးတစ်ခုလိုပင်။
            အကြောင်းအရာ အများကြီးထဲ မှတ်မှတ်ရရ တစ်ခါ သူတို့အိမ် အရေးတကြီးငွေလိုတော့ ဖေကြီးက အကိုဖြစ်သူ အားကိုး သွားချေးမိတော့ ဘယ်လိုပြောလိုက်သနည်း။
           ' ငါတို့ ပင်ပင်ပန်းပန်း ရှာထားတာတွေက မင်းတို့လိုတိုင်း ပေးသုံးဖို့မဟုတ်ဖူး။ ငါတို့က လှူဖို့တန်းဖို့ ရှာထားတာ။
            မပေးနိုင်ဘူး။ ငါတို့လဲ ခုမှ ငွေပဒေသာပင် စိုက်နေရတာ။´
           ဟုဆို သူတို့မောင်းထုတ်ခဲ့ဖူးသည်။
            မချေးနိုင်ဖူး။ မပြုနိုင်ဖူးဆို တော်ပြီပေါ့။ ဘာလို့ဒီလိုတွေပြောရသနည်း။ သူ မယုံနိုင်တော့။ နောက်ဖေကြီးဆိုတာကလဲ တော်ရုံ အကိုဆီပြေး လာ တဂျီဂျီ ငွေပူဆာနေတတ်သော သူလည်း မဟုတ်။ ငွေချေးပြီး ပြန်မဆပ်မည့်သူလဲ မဟုတ်။ သူတို့ဆီက တစ်ခါလေးချေးမိပါသည် ရလဲမရပါပဲ လူကြားထဲ အတင်းတုတ် ခံရမဆုံးတော့။အသရေ ဖျက်ခံရမဆုံးတော့။
            ဒါကြောင့် သူတို့မိသားစုက အမျိုးထဲ ခပ်ကင်းကင်း နေတတ်လာကြပြီး အခက်အခဲ ပြဿနာများ ရှိလာပါကလည်း ကိုယ့်ဟာကိုယ်ပင် ရုန်းကန်ကြတော့သည်။မည်သူ့ကိုမှ မတ တော့။ကူညီကယ်ဆယ်ရန်လည်း မတောင်းဆိုတော့။မျှော်လည်း မမျှော်လင့်တော့။
            ဒါကိုပင် သူတို့က အတင်းထပ်ပြောစရာဖြစ် လူတော မတိုးနိုင်တော့သည့် မိသားစုနယ်မြင် ရှုံ့ချကာနေကြတော့သည်။
            တစ်ခါ သူတို့နှင့် အမျိုးနီးစပ်တော်ပြီး ဖေကြီးနှင့်လည်း ငယ်သူငယ်ချင်းတစ်ဦးနယ် ညီအကိုရင်းနယ် ခင်မင်နေသူတစ်ဦး၏ သားဖြစ်သူ မင်္ဂလာဆောင်တော့ သူတို့က ဖိတ်စာပို့သည်ကိုပင် နှစ်မျိုးနှစ်စားခွဲ၊ တစ်ကယ့်ပွဲတက်ဖိတ်စာ မကျန်တော့၍ ဟုဆိုကာ ကိုယ့်တာဝန်ကျေ တစ်ခြားထပ်ရိုက်နှိပ်ထားသောဖိတ်စာတု ပို့ပေးလိုက်တာသိနေလည်း ဖေကြီးနှင့် မေကြီးတို့ကလျှာရှည် အရင်က ကိုယ့်အိမ်လာလည် ကိုယ့်အိမ်မှာပင် ရက်ရှည်လများနေထိုင် ကိုယ့်အိမ်ထမင်းဝိုင်းမှာ အတူစား အတူသောက်၊ သားသမီးများနှင့်လည်း ခင်မင်ရင်းစွဲ ရှိ၊နွေရာသီ အပျော်ခရီးတွေပင် မိသားစုများချိန်း အတူသွား အတူလာအတူပျော်ခဲ့ဖူးကြသူများဖြစ်၍ မသွားလျှင် မကောင်း သွားမည်ဟုဆိုမိကြတော့ ဒေါ်သဇင်က phone ဖြင့်ပင်ဆက် ငိုမလို ရယ်မလိုတွေနှင့်
            'အမလေး ညီမောင်ရေ။ နင့်တို့ကိုများ ပြောနေလိုက်ကြတာ သူတို့သား မင်္ဂလာဆောင် လာကြဦးမယ်တဲ့ တော်ရေတဲ့။သူတို့က တကယ့်ဒိတ်ဒိတ်ကြဲ ချမ်းသာနေသူ သမီးနဲ့ သူတို့သားကမင်္ဂလာဆောင်ရမှာဆိုတော့ ပွဲကနယ်နယ်ရရ မဟုတ်ဖူးတဲ့။လာကြမဲ့ သူတွေကလဲ တစ်ကယ့် ဒိတ်ဒိတ်ကြဲတွေချည်းပဲတဲ့။အဲ့ဒါကိုများ နင်တို့က ရှိဖြင့် မရှိကြပဲ ဘာတွေများဝတ်စားပြင်ဆင် လာကြဦးမယ်မသိဖူးတဲ့လေ။ပြောနေလိုက်ကြတာ။ငါ့ဖြင့် နင်တို့အတွက် မခံနိုင်လွန်းလို့ ဟင့်ဟင့်..´
             ဟု ငိုမလို ရယ်မလို သူပင် သူတို့ဘက် ပါနေပြီး သူတို့အတွက်ပဲ အလွန်နာနေရသလို၊ မနေနိုင်တော့လွန်း၍ phoneပင်ဆက် ပြောနေရသလို သူတို့သိအောင် တစ်မင် ဟန်လုပ် တစ်ဖက်လှည့် မလာတော့ရန် အသိပေး ပြောကြားတတ်ကြသူများပင်။
             အမှန်တော့ သူတို့အားလုံးသည် ဒီပုတ်ထဲမှ ဒီပဲများဖြစ်ပြီး အတူတူနှင့် အနူနူလို လူများပင်။ဒီလို သူတို့အတွက် ငိုယို တက်မတတ် ချက်မတတ် ဖြစ်ပြနေကြလည်း နောက်ကွယ်မှာတော့ သူတို့အကြောင်း သူတို့အချင်းချင်းတွေ့ ရယ်သွမ်းသွေး ပြောဆိုနေကြတာ အတင်းတုတ်ပြောဆိုနေကြတာလဲ သူတို့ကိုယ်တိုင်ပင်။တစ်ချို့ဆို နောက်ကွယ်မှာပင် မဟုတ်တော့ ကိုယ့်အကြောင်း ကိုယ့်ရှေ့မှာပင် ရယ်သွမ်းသွေး လာပြောတတ်သည်များ ကြုံလာရလေတော့ ညီမလေးလို မိန်းမသား မပြောနှင့် သူပင် အနာကြီး နာလာတော့သည်။
            နောက် ကိုယ့််ဟာကိုယ်ပင် သီးသီးသန့်သန့် အနေများလာကြတော့သည်။ဒီလို အနေကြာလာတော့လည်း သူတို့ကပင် မနေနိုင်ပြန်။ကိုယ့် ဒီလိုပင် လာလာ ပတ်သက် ရှုပ်ကာနေကြလေတော့ ခက်နေလေတော့သည်။
             ခုတစ်ခေါက်တော့  ဖေကြီးလည်း အတော် အထိနာသွားပုံပင်။အကိုပြန်သွားသည်နှင့် နှုတ်ဆိတ်သူ့အခန်းထဲ ဝင်သွားတော့သည်။သူ့ ကောင်မလေး အကြောင်းပင် မဟနိုင်တော့။ညီမလေး လုပ်ပုံကြောင့် သူလည်း အတော်ထိသွားပုံပင်။
            မျက်နှာပျက် ခေါင်းငိုက်စိုက်ပင် ကျသွားတော့သည်။ ဘယ်လိုပင်ဖြစ်နေနေ ဖေကြီးက သူ့အကိုနှင့်မျက်နှာပျက်ချင်သူ မဟုတ်။ ဦးကို ပေးမည့်အမွေ မမက်မောရင်တောင် အကိုဖြစ်သူ အခက်ကြုံနေသည် ဒါမှမဟုတ် ဘေး အကူအညီ လိုအပ်နေသည် ပြောလိုက်ရုံ သိလိုက်ရုံနှင့် သူတို့မောင်နှမ နှစ်ဦးထဲမှ တစ်ဦးဦး သွားနေဖို့ ဒါမှမဟုတ် ဒေါ်သဇင် မရှိချိန် အနား သွားကူနေပေးဖို့ ပြောမည့် တိုက်တွန်းမည့်သူသာ။ ခုတော့ ကြက်ကြီးလည်လိမ်သလိုဖြစ် အိပ်ခန်းထဲပင် ဝင်သွားရှာလေတော့သည်။
             ညီမလေးကတော့ အေးဆေးပင်။ ဦးကိုတို့ ပြန်သွားသည်နှင့် အိမ်နောက်ဝင် coffee ဖျော်၊ ပေါင်မုန့်မီးကင် ထောပတ်သုတ် သူကိုယ်တိုင်လည်းစား သူ့လည်း ခေါ် ကျွေးနှင့် အေးဆေးပင် ရှိနေလေတော့သည်။
             ညီမလေးကြည့်ရသည်မှာ ခုဏအဖြစ်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်၊ ဦးကိုပြောစကားများကိုလဲ အရင်လိုမဟုတ် စိတ်ထဲမထား စိတ်ပင်ဝင်စားပုံမပြပဲ တစ်ခြားသူတစ်ဦးနယ် ကိစ္စရပ်တွေက သူနှင့်ပဲမဆိုင်သလို ဖာသာလဝါ ရှိလွန်းလှ၍​ သူပင်အခြေအနေကြည့် နှုတ်ဆိတ်၍ပင် နေရတော့သည်။
              မတော် သူ့လဲ ဦးကို ကိုကြည့်သလို ရယ်ကျဲကျဲ မျက်နှာပေးနှင့်စိုက်ကြည့် လိပ်ပြာလွင့်ထွက်သွားနိုင်လောက်သည်။
             အတန်လဲ လိပ်ပြာဆွဲကြိုးနှင့် ညီအကိုနှစ်ယောက်စလုံးအား သွေးဆုတ်ဖြူရော်သွားအောင် လုပ်ခဲ့နိုင်သူဖြစ်၍ သူလဲ အတန် သတိထားနေရသော အဆင့်ဖြစ်သွားသည်။ ဦးကိုပြောသွားသောကိစ္စ ဘယ်လို ဘယ်ပုံ သဘောရလဲ မေးချင်နေမိလဲ မမေးရဲ၊ အရိပ်အကဲပင် ကြည့်ကာနေရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now