အပိုင်း ၈၅

105 6 1
                                    

                Dr. Zay တစ်ယောက် သူတို့ မိသားစု ၃ဦး ရှေ့ရောက်နေပြီး ညီမလေးရှင်းအား သူ့ပေးရန် မျက်နှာပြောင်တိုက် လာပြောနေသော ဦးကို၏ အကြောင်းပြချက်များအားအံ့ဩဖွယ် မယုံနိုင်ဖွယ် လက်ခံနားထောင်ပေးနေရသည်။
            ဪ လောကကြီးများ အံ့ဩဖွယ် မယုံနိုင်ဖွယ် ထူးဆန်းထွေလာများနှင့် တရစေပြည့်ဝနေတော့၏။လူသားများ၏ စိတ်အလျင်ကို တိုင်းတာရန် စက်ကြီးရှိပါကလည်း ထိုစက်သည်ပင်လျင် လူသားများ၏ လျင်မြန်စွာ ပြောင်းလဲနေသော စိတ်အလျင်အား မှီအောင် လိုက်ဖတ်ရန် မတတ်နိုင်တော့၍ မြန်မြန် ချို့ယွင်းပျက်စီးသွားမည်ပင်။
             လူသားများ၏ စိတ်အလျင်သည် အသံထက်လည်း မြန်သည်။အလင်းထက်လည်း ပိုမြန်၍ ပင်မြန်နေတော့မည်။ကမ္ဘာပေါ်ရှိ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်များထဲလဲ လူ့သဘော လူ့မနောတွေလောက် အရှိန်အဟုန်ပြင်းပြင်း မြန်မြန်ဆန်ဆန်နှင့် ဗလောင်းဗလဲ ပြောင်းလဲနိုင်စွမ်းသောသတ္တဝါ လူသားကလွဲ ရှိနိုင်မည်မထင်။computer ပင်လျင် သူ့လောက်မမြန်။လူ့စိတ်ကို မလိုက်နိုင်။
                ဒီ့အပြင် လူသားများ၏ စိတ်ကို လေ့လာစောင့်ကြည့်နေသူများရှိပါကလည်း ထိုသူများသည် အာကာသ အတွင်းရှိ ထူးခြားဆန်းကြယ်လှသော နက္ခက်ဗေဒ ရှာဖွေ တွေ့ရှိမှုများထက်ပင် ထူးခြားဆန်းကြယ်နေသေးသော သေးငယ်လှသော လူဦးခေါင်းငယ်လေးအတွင်းထဲရှိ အလွန်ကျယ်ပြောလှသော အဆုံးအစလည်း ရှာမတွေ့နိုင်သော အဆုံးမဲ့စကြဝဠာကြီးကို လေ့လာဆန်းစစ်ကြည့်မိလိုက်သလို အဖြေရှာ မရ ဖြစ်သွားမည်ပင်။
           ဪ ဒါကြောင့် လူဟူသည်ပင် လျင် ထူးခြားဆန်းကြယ်သော အဖြေရှာမတွေ့နိုင်သော နက်နဲသည့် ခန္ဓာကိုယ် အတွင်း cell လေးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော စိတ်ဝိညာဉ်တစ်ခု တည်ရှိရာ ခိုအောင်းရာ အိမ်တစ်ခု ဖြစ်လာရသည်ပဲ။
             ဒါကိုပင် လူဟု ခေါ်နေကြသည်ပဲ။
             '...ဖိုးဇေ ! ဖိုးဇေ ဟေ့သား မင်းဘယ်လိုသဘောရသလဲ ? မင်းဦးလေး ဦးကိုပြောတာ။´
            'ဟင် ! ဘာလဲ ? ညီမလေးကို သူတို့ မွေးစားမယ်ဆိုတာကိုလား ?´
            'အေးလေ ဒါ ငါတို့ ခုပြောနေကြတဲ့ အကြောင်းအရာဟာပဲ။ ဖိုးဇေ မင်းသေချာ နားမထောင်နေဖူးလား ? မင်းညီမကိစ္စ မင်း စိတ်မဝင်စားဖူးလား ? ဆေးရုံမှာ အလုပ်ရှိနေလို့လား ?´
            သူ ဒီကိစ္စ သူကိုယ်တိုင်ပင် အဖြေပြန်မပေးနိုင် သူ့ကိုပင် လှည့်ကြည့်မေးနေသေးသော ဖေကြီးနှင့်၊ သူများတစ်သက် ကျွေးမွေးပြုစုလာရသော သူများသမီး ဒီအရွယ်ရောက်လာကာမှ ကောက်ခါငင်ခါ ခေါ် မွေးစားချင်နေသည် ဆိုသော ဦးကို ကိုပင် မယုံနိုင် သေချာပြန်ကြည့် သက်ပြင်းချမိလိုက်ရသည်။နောက်
            'ဖေကြီး ဒါ ကျွန်တော့် မေးနေရဦးမယ့် ကိစ္စတဲ့လား ? ကိုယ့်ဟာကိုယ် ပြောလိုက်လေ။ဒါ ဖေကြီးသမီးကို သူများက ဖေကြီးဆီက လုယူသွားချင်နေတဲ့ဟာကို  ..´
           'ဟေ့ကောင် ဖိုးဇေ။ မင်းဘာပြောလိုက်တာလဲ ? ငါက မင်းညီမကို လုယူတယ်တဲ့လား ?
           ငါက စိတ်စေတနာကောင်းနဲ့ မင်းတို့ဝန်ကို မင်းတို့ကျောပေါ်က လျှော့ချပေးချင်လို့ ဒီလိုအခွင့်အရေးမျိုး လာပေးနေတာ။´
            'ဝန်လျှော့ပေးရအောင် ညီမလေးက ကျွန်တော်တို့အတွက် ဝန်လို့ ဦးကိုက မြင်နေလို့လား ? အခွင့်အရေး ပေးရအောင်လဲ ကျွန်တော်တို့က ဘာအခွင့်အရေးတွေ လိုအပ်နေလို့လဲ ?´
            'လိုအပ်တာပေါ့ကွ။အထူးသဖြင့် မင်းလေ။ မင်းက မိသားစုကို ငဲ့ညှာနေရလို့ နိုင်ငံခြားသွားပြီး ဘွဲ့တောင် ထပ်မယူနိုင်ဘူးမဟုတ်လား ?
            မင်းအဖေကကော ? မင်းကတော့ ထားပါတော့ ငယ်ရွယ်နေသေးလို့။မင်းအဖေက မင်းအမေဆုံးပြီး တစ်ကိုယ်ထဲနေလာရတာ ဘယ်လောက် ကြာနေပြီလဲ ? မင်းညီမကြောင့် ခု သူပြန်တွေ့နေတဲ့ သူ့ ငယ်ချစ်ဦးနဲ့တောင် ပေါ်ပေါ်တင်တင် မတွဲရဲ မဆက်သွယ်ရဲ မသွားလာရဲ ဖြစ်နေတာ မင်း မသိဖူးမဟုတ်လား ?´
           ..ဟင် ! ဘာ ! ဘယ်လို ?
             သူ မထင်မှတ် အတော်ပင် စိတ်ထဲ နောက်ကျိ ထွေပြောသွာရသည်။တစ်ချိန်လုံး အနားငြိမ်သက် နားထောင်နေသော ညီမလေးလည်း သူ့လိုပင်။မောင်နှမ နှစ်ယောက်သား အဖေဖြစ်သူကိုပင် မယုံနိုင် ပြိုင်တူ လှည့်ကြည့်မိလိုက်ကြတော့..

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now