အပိုင်း ၈၇

81 6 0
                                    

                 ဦးကို ညီမလေးရဖို့ ကြိုးစားနေတာ တော်တန်ရုံ အပေါ်ယံ သမန်ကာလျှံကာတော့ မဟုတ်တော့။ဒါကို သူပင်မဟုတ် ဖေကြီးပင် ခံစားမိလာပြီး အကိုဖြစ်သူကိုပင် သင်္ကာမကင်းဖြစ် ကြည့်လာတော့သည်။ဒါကို ဦးကိုကတော့သိမည်မထင်။ညီမလေးကိုပင် အာရုံစိုက်နေပြီး သူပြောလိုရာများ ညီမလေးနားထဲ တတ်နိုင်သလောက် ဝင်ရန် တရစပ် ထည့်ကာနေတော့သည်။
           ညီမလေးကလည်း တစ်ကယ်ပင် တုဏှီဘာဝေလေးနှင့်။ဒါပေမဲ့ ဦးကိုပေးသော ရွှေထုပ်ကို ဆွဲယူကြည့်လိုက်တော့ သူ အသက်ရှူပင် ခဏရပ်သွားရသည်။
           ညီမလေးများ ဦးကိုပြောသလို ဥစ္စာပစ္စည်း ရွှေငွေများမက် ဦးကိုခါ်ရာ တစ်ခါထဲများ ပါသွားလေလျော့မလား ?
           ဒါဆို သူလဲ ဘယ်လိုမှ မတတ်နိုင်။နောက်ဆုံး အဆုံးအဖြတ်က ညီမလေးထံ၌သာ ရှိသည်။ဒါကိုလဲ ဦးကိုက သိသည်။ ဒါကြောင့် သူ အဆင်သင့်လုပ် ယူဆောင်လာသော နောက်ဆုံးလက်နက် ထုတ်သုံးလိုက်ချင်းသာ။
           ဦးကိုက သူတို့ ဘယ်လိုပဲနေနေ၊ညီမလေးက သူ့ရွှေထုပ်လေး လှမ်းယူ အထဲကြည့်လိုက်တော့ မျက်နှာက အောင်နိုင်ပြီဖြစ်သော စစ်သူကြီးနယ် အပြုံးရိပ်သမ်းသွားသည်။
           သူ ညီမလေးထက် ဦးကိုမျက်နှာ အရိပ်အကဲကြည့် သိပ်စိတ်ထဲ ဘဝင်မကျချင်တော့။ရွှေထုပ်ကလဲ ဒေါ်သဇင် ထည့်ပေးလိုက်တာ ဖြစ်မည်။ဒေါ်သဇင်မှ ခွင့်မပေးလျှင် ဦးကိုက ဘာတစ်ခုမှ သူတို့အတွက် ယူမလာနိုင်။ဒါကြောင့် သူတို့လင်မယား ညီမလေး ဒီလောက် လိုချင်နေတာ မွေးစားချင်နေတာ ပုံမှန်မဟုတ်တော့။နောက်ကွယ်အကြောင်း တစ်ခုခုပင် ရှိနေလေတော့မည်။
            မဟုတ်မှ ဟို ကြောက်စရာ လူမဆန်သည့် ဇာတ်ကားတွေထဲကလို သင်းသိင်္ဂီမှာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း တစ်ခုခု လိုနေလို့ ဒါမှမဟုတ် ရိုးတွင်းချဉ်ဆီ လိုနေလို့ ညီမလေးထံမှ ယူရန် ဒီလောက်ကြံဆောင်နေကြတာများလား ?
             သူ ဒီလိုပင် မဟုတ်နိုင်သည်များတွေး ခေါင်းမွှေးများပင် ထောင်သွားရသည်။ဒီလိုတွေးမိတာလဲ သူ့အလွန်တော့မဟုတ်။တစ်ကယ်လဲ ဖြစ်နိုင်ခြေများနေသည်။ဦးကိုတို့လို လူမျိုးတွေက ဒီလိုကိစ္စမျိုး အခြေအနေမျိုးဖြစ်လာလျှင် ဒီလိုအထိပင် လုပ်နိုင်လောက်သည်။သူတို့ အကျိုးအတွက်များဆိုလျှင် ဘနှဖူးပင် သိုက်တူးမည့် လူစားတွေပင်။
            ညီမလေး သူတို့ဆင်ထားသည့်အကွက်ထဲကျ ဘဝပျက်တော့မတတ်ပင်တွေးမိ စဉ်းစားမိသွား၍ တားရန် ပါးစပ် ဟလိုက်မိချိန်
             ဘုတ် !
            'ဟင် !!´
            'ဒါပဲလား ? ဆွဲကြိုးက စီလွန်ကြိုး သာသာတောင်မရှိဘူး။နားကပ်ကလည်း ဦးကိုတို့အိမ်က အိမ်ဖော်တွေဝတ်ထားတဲ့ နားကပ်ကတောင် ပိုကြီးပြီး ပိုတောက်တောက်​ပပ ရှိဦးမယ်။လက်ကောက်နဲ့ လက်စွတ်ကရော ပိန်လိမ်နေတာပဲ။
             ဒီ ရွှေတိုရွှေစလေးတွေလောက်နဲ့ ဘဝတစ်ခုကို ဝယ်ယူလို့ရနိုင်တယ် ထင်နေတုန်းလား ? အကွက်တွေကလည်း အသစ်မရှိတော့ဘူး ရိုးနေပြီ။´
            'ဟင် ? သမီး သဘောမကျဖူးလား။ဪ နဲနေလို့လား။ဒါကတော့ ဦးကိုပြောပြီးပြီလေ မွေးစားပြီးရင် ဒီထက်ပို ဆင်ပေးမှာပေါ့။
             အဲ့အချိန် သမီးက ဦးကိုတို့ရဲ့ သမီးဖြစ်နေပြီဆိုတော့ သင်းသိင်္ဂီ လိုပဲ အမျိုးအဆွေထဲ အောက်ကျ နောက်ကျ မဖြစ်အောင်..´
            'ဟီးဟီး .. ဟားဟား ဟပ်ဟပ်  ဟား ရယ်ရတယ်။ဟိဟိ ..´
            'ဟဲ့ သမီး ?´
             ဖေကြီးပင် ညီမလေးလန့် တားလိုက်ရသည်။ အမှန်ပင် ညီမလေးက ဒီလိုရုတ်တရက် ထရယ်လိုက်တော့ သူတို့အားလုံး ကြောင်အသွားကြကာ ညီမလေး အံ့ဩကြည့်မိလိုက်ကြလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now