အပိုင်း ၈၉

36 6 1
                                    

                  မှန်မီးအိမ်မှ ကျပ်ခိုးမဲများစင်ကြယ်အောင် အဝတ်တစ်ခုနှင့် သုတ်သင်နေသော အဖွားအိုက သူတို့အမေး ဒါမှမဟုတ် လူငယ်တွေ၏ တောင်းဆိုမှု့တွေကြောင့် လူကြီးပီပီ စကားပြောချင်နေလဲ လူငယ်တွေကြား နေရာတကာ လိုက်ပါ၊သူသိ သူတတ် ဝင်မပြောတတ်ပဲ လူငယ်တွေပြောသမျှသာ လိုက်နားထောင်နေရာမှ သူ့အရေးတယူ တစ်ယောက်က လှည့်မေးလိုက်၍ စကားပြောဖို့ အခွင့်သာ သဘောခွေ့ ပြုံးသွားတော့သည်။
               သူမလဲ ကွယ်ကွယ်ဝှက်ဝှက်ဖြင့် မဟုတ်တောင် သူ၏ သိုသိုဝှက်ဝှက် နေပုံထိုင်ပုံကြောင့် သူရှိနေသည်ကိုပင်  မရှိသလို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေရာမှ သတိပြု လှမ်းကြည့်မိသွားသည်။

               ထိုအဖွားအိုက ဒီစာအုပ်ခန်းထဲ alpha ကယ်လာ၍ ရောက်လာသော လူတွေကြား မထင်မရှားပါလာခဲ့ပြီး ဒီလိုပင် အများနှင့် အတန်အသက်အရွယ် ကွာဟနေ၍ တစ်ဦးတည်းလိုလိုပင် သီးခြားရှိနေတတ်ကာ၊ ဒီလိုပင် လူငယ်တွေ စုဝေး စကားပြော ဆွေးနွေးချိန်ရောက်လာမှ ရွေ့ရွေ့ ရွေ့ရွေ့နှင့် အနားရောက်လာ သူလဲ အနီး သင့်ရာလေးတစ်ခုမှာထိုင်၊ ပြောသမျှ ဆွေးနွေးသမျှ ငြိမ် နားထောင်နေတတ်သူပင်။
               ထိုအဖွားကစာအုပ်ခန်းထဲ မီးအိမ် မီးခွက်များ သန့်ရှင်းပေးသူ ဆီဖြည့်ပေးသူ နောက် နေရာပြန်ချပေးသူ။ ဒါမှမဟုတ် လူငယ်များက ယူဖတ်ပြီး စာအုပ်များ နေရာမှန်ပြန်မထား ကြုံရာကျရာထားခဲ့သည်များ တွေ့လျင်လဲ ကောက်ယူ နေရာမှန်ပြန်ထားပေးသူ။
               စာအုပ်စင်များ စာအုပ်များပေါ် တက်နေတတ်သော ဖုန်မှုံ့များကိုလဲ ဖုန်ခါဒုတ်တံလေးတစ်ချောင်းထဲနှင့်ပင် လုပ်လီလုပ်လဲ့ လှုပ်တီလှုပ်ယဲ့ ဖြေးညင်းစွာသွားလာ၊ သူတတ်နိုင်သမျှနေရာလေး တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်း ဖုန်ခါခြင်းအလုပ်ဖြင့်သာ တစ်နေကုန်နေတတ်သူ တစ်ဦးဖြစ်သည်။
                အဖွားအိုက ဒီစာအုပ်ခန်းထဲ အတန်ပင် မပေါ်လွင် သူ့အခန်းကဏ္ဍ က မှေးမှိန်နေလဲ ရုတ်ခြည်း ထိုအဖွားအိုအားပင် ဝင်္ကပါအောက်ညီအမ ၃ဦးလို အတော် မြင်ဖူး တွေ့ဖူးခဲ့သလို သူ့အခန်းကဏ္ဍကလဲ ဒီထဲအရေးပါနေသလို ခံစားချက်မျိုးရသွားသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now