အပိုင်း ၈၆

72 3 0
                                    

                 ဦးကိုက ပြောရင်း ငိုမလိုပင် ဖြစ်လာလေတော့ ဖေကြီးက
            'ကဲကဲ တော်ပါပြီ အကိုကြီးရယ်။ ကျွန်တော်တို့ နားလည်ပါပြီ။ကျွန်တော်ကပဲ တောင်းပန်..´
            'ဟာ ဖေကြီးက ဘာကိစ္စဝင် တောင်းပန်နေရတာလဲ။ဖေကြီး အဲ့လို တွေလုပ်နေလို့ ဖေကြီးအကိုက ပိုရောင့်တက် ကျွန်တော်တို့အပေါ်လည်း အခွင့်အရေးတွေယူ အမြဲ နှိမ်နင်းဆက်ဆံနေတာ။´
           'ဟေ့ကောင် တော်ပြီလို့ ငါပြောနေတယ်လေ။´
           'ဟ ဘာ ခုမှ တော်ပြီလဲ။ဖေကြီး မပြောလို့ ကျွန်တော်ကပဲ ဝင်ပြောနေရတာတွေလေ။နောက်ပြီး ကိစ္စတွေ ဆိုတာကလဲ ဘာတစ်ခုမှ မပြောပဲ အလိုလို ပြီးသွားမှာမို့လို့လား ?´
          သူ ဒီလိုပြန်ပြောလိုက်မိရတော့ ဦးကိုက ငိုမလို ဖြစ်နေရာမှ ချက်ချင်း အမူအယာပြောင်း ရယ်သွမ်းသွေးလိုက်လျက်
          'ဟားဟ ညီမောင် မင်းကို မင်းသားကတောင် မလေးစားတော့ဘူး မဟုတ်လား ? အဲ့ဒါ မင်း မဟုတ်လို့။မင်း အ လို့။မင်း ပေါ့လျော့လို့။ကိုယ့်သားသမီးကတောင် သူများရှေ့ ကိုယ့်ပြန်ပြောတာ ကဲ့ရဲ့တာခံနေရတာ။
           မင်း ကိုယ့် သားသမီးကိုကိုယ် သေချာ မဆုံးမ မသွန်သင် မသင်ကြားနိုင်ခဲ့လို့။မင်း သူတို့ ကလေက​ချေတွေနဲ့ ပေါင်းသင်းတာ လက်ခံထားလို့။မင်းသားဆိုတာ မင်းထက် ပညာလေးပိုတတ်တာနဲ့ပဲ အဖေပြန်ခံပြောတတ်နေပြီ။ပညာတတ်တော့ရော ဘာလုပ်နိုင်မှာတဲ့လဲ အပေါင်းအသင်းမကောင်းရင်။
           မင်း သမီးဆိုတာကလဲ ပြန်မပြောနားမထောင်၊နောက် လူရာကလဲ မဝင်၊ခုထပ်ထိကို ရူးသလို ပေါသလို နားပဲမလည်တော့သလို တုံး သလို အ သလိုအမူအယာမျိုးတွေနဲ့ ..´
          'ဒါဆို ညီမလေး ဘာလုပ်ဖို့ လာခေါ်နေဦးမလဲ ? ဦးကိုပြောပုံဆို ဒီလောက် အသုံးလဲမဝင် လူတောလဲမတိုး ညံ့ဖျင်းနုံအနေတဲ့ မိန်းကလေးမျိုးကို။ဘာလုပ်ဖို့ မွေးစားဖို့ လုပ်နေဦးမလဲ ?
           ညီမလေးက ဒီလိုပဲ ဦးကိုတို့ဆီမှာ ပြန်မပြော နားမထောင် တုဏှိဘာဝေ နဲ့ နေနေရင်၊ ဘာ အကူအညီမှလဲ သိပ်မရရင် နောက် မလိမ္မာရင် ဘယ်လိုလုပ်မလဲ။´
            'ဟာ အဲ့ဒါကတော့ကွာ ငါသည်းခံ နိုင်..´
            'သည်းခံပေးမယ် ဟုတ်လား ?ဘယ်တုန်းက ဦးကိုတို့မှာ သည်းခံခြင်း ပါရမီ ရသွားလို့လဲ။မဟုတ်မှ ညီမလေးဆီကများ ရွှေထွက်နေတယ် ကြားနေရလို့လား ? ဒါမှမဟုတ် ညီမလေးက ငိုရင် ပုလဲ၊ ရယ်ရင် ရွဲ ထွက်တယ် လို့ကော ကြားလာရလို့လား ?´
            သူ့စကားကြောင့် ဘေးမှာ ဦးကို ကိုပင် စကားမလွန်ရန် ဆွဲနေရသော အတူ ပါလာသော ရှေ့နေကြီးကပင် ပြုံးသွားတော့သည်။ဦးကိုက သူ့စကားတွေကြောင့် ဒေါသ လှိုက်ခနဲ ထပ်တက်သွားရဟန် ပေါ်သွားလည်း ပြန်ထိန်းလိုက်ရင်း
           'မင်းတို့ မောင်နှမ ဦးကိုတို့အပေါ် ဘာတွေကြောင့်များ ဒီလောက်အထင်အမြင်တွေ လွဲနေမယ်၊ နာကြည်းမုန်းတီးနေမယ် နားမလည်နိုင်တော့ပါဘူး။ဒါပေမဲ့ ခု ရှင်းမြတ်နိုးကို မွေးစားချင်တာကတော့ ဦးကိုတို့ရဲ့တစ်ကယ့် စိတ်ရင်းပါ။
            ခုဆို ဦးကိုလည်း မင်းမြင်သလို အသက် အရမ်းကြီးလာပြီလေ။မင်း အန်တီ သဇင်ကလည်း သူ့ရွှေဆိုင် အရောင်းအဝယ်တွေနဲ့ နေ့ရောညပါ အလုပ်များနေတာ။ မင်း ညီမ သင်းသိင်္ဂီကလည်း တော်ကြာနေ နိုင်ငံခြား သူ့အမေကပို့လို့ သွားနေရတော့မှာ။
            ဒါကြောင့် ဦးကိုက အိမ်မှာတစ်ယောက်ထဲ။အဖော်အလှော်လေးပဲဖြစ်ဖြစ်ရအောင် ကိုယ့်တူမရင်းလေးပဲ  အနားခေါ်ထားချင်တာပါ။သူ ဘာမှမသိတတ်လဲ၊မလုပ်တတ်လဲ၊ ဘာမှ နားမလည်လဲ ၊နောက်ဆုံး ဘာအကူအညီမှ မရလဲ ကိစ္စမရှိဖူး။မင်းအန်တီနဲ့ ညီမဖြစ်သူ အိမ်မှာမရှိချိန် သူ ဦးကိုအနား ရှိရင်ပဲ တော်ပြီ။ဒါဆို ဦးကိုလည်း အိမ်ဖော်တွေနဲ့ ကျန်နေခဲ့ရတာ သူများကဲ့ရဲ့စရာ မဖြစ်တော့ဖူးပေါ့။´

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now