Chapter 1 လက်ဝှေ့ပြိုင်ပွဲ

49.2K 1.8K 92
                                    

Zawgyi

နှစ်စဉ်ကျင်းပနေကြဖြစ်သော တရုတ်- အမေရိကန် အလွတ်တန်း လက်ဝှေ့ပြိုင်ပွဲသည် ဘေဂျင်းအားကစားရုံတွင် ကျင်းပလျက် ရှိ၏။

" ပြိုင်ပွဲအတွက် အဆင့်မီသူများကို မနေ့က တှေ့ရပါတယျ.. ပြင်းထန်တဲ့ ပြိုင်ပွဲ ဖြစ်ပေမဲ့ ဒီနေ့ နောက်ဆုံးပြိုင်ပွဲကို အဆင့်မီသူ ၁၆ ယောက် ရှိခဲ့ပါတယ်.. "
ထို့နောက် အစီအစဉ် တင်ဆက်သူက နာမည်များကို ဖတ်ပြ၏။

"Joy, Zhou Huaqiang, Brown, Dai Gaoao, Xia Yao, Anderson,..."

ရဲဝတ်စုံအပြည့်အဝ ဆင်ယင်ထားသော ပြိုင်ပွဲဝင်များ စင်ပေါ်တက်လာကာ ရှစ်ယောက်စီ မျက်နှာချင်းဆိုင် ရပ်နေကြ၏။ ပြိုင်ဘက်ကို ဦးညွှတ်ပြီးနောက် မတ်တပ်ရပ်ကာ ပြိုင်ဘက်အား အကဲခတ်နေကြသည်။ Brown သည် အမေရိကန်အသင်း၏ တတိယမြောက် နေရာတွင် ကိုးဆယ်ဒီဂရီ ရပ်လျက်နေ၏။ Xia Yao က သူ့ရှေ့ရှိ Brown အား ခေါင်းအစခြေအဆုံးကြည့်ကာ သနားကြင်နာသည့် အပြုံးလေးတစ်ခု နှုတ်ခမ်းတွင် ထင်လာ၏။

သေနတ်သံဆုံးသည်နှင့် အတွဲလိုက် ယှဉ်ပြိုင်ကာ အနိုင်ရသူသည် နောက်တစ်ပွဲကို တက်ရလေ၏။

တရုတ်- အမေရိကန် ရဲချစ်ကြည်ရေး လက်ဝှေ့ပွဲမှာ တရုတ်နှင့် အနောက်တိုင်းကိုယ်ခံပညာ ဖလှယ်သော ပွဲတစ်ပွဲလဲ ဖြစ်ပေသည်။ တရုတ်ရဲများမှာ ခြေစွမ်းအားတွင် နာမည်ကြီးကြသူများ ဖြစ်၏။ အမေရိကန်ရဲများမှာတော့ ပြိုင်ဘက်မျက်နှာကို စုတ်ပြတ်သတ်စေသည့် လက်သီးချက်များဖြင့် နာမည်ကြီး၏။

ထို့အပြင် Brown သည် အမေရိကန်အသင်း၏ ကျွဲရိုင်းတစ်ကောင်ပင်။

ပထမပြိုင်ပွဲတွင် Brown သည် Zhou Huaqiang နှင့် ပြိုင်သည်။

Brown စင်ပေါ်တက်လာလာချင်းပင် Zhou Huaqiang ကို ဟန်ချက်ပျက်အောင် လုပ်ကာ ကန်ချက်တစ်ချက်နှင့်ပင် Zhou Huaqiang အား မြေပေါ် ပစ်လဲစေ၏။ မိနစ်အနည်းငယ်အကြာ ကိုယ်ပိုင်လက်သီးချက်များနှင့် ပြိုင်ပွဲကို အဆုံးသတ်၏။

Brown သည် ပထမပြိုင်ပွဲကို လှပစွာ အနိုင်ရခဲ့လေ၏။

နောက်ထပ် ပြိုင်ပွဲ ခုနစ်ပွဲ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပြီးနောက် ရဲတချို့ ပြိုင်ပွဲမှ ထွက်ရပြီး တချို့သာ ကျန်သည်။ Xia Yao သည်လဲ ကျန်သည့်အထဲတွင် ပါဝင်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now