နိဒါန်း [နိဒါနျး]

42.4K 1.8K 93
                                    

《Zawgyi》

Title:
[ကမ္ဘာကြီးကို ပျက်သုဉ်းစေမယ့် အချစ်ရေးတွေကို ကာကွယ်ကြစို့]

လက်မထပ်ရသေးတဲ့ .. အသက်၂၀အရွယ် ယဲ့ကျစ်ကျိုး၌ ရုတ်တရက်ကြီး ဆွေမျိုးတွေ အများကြီး ရှိလာ၏။ သူ့အတွက်​တော့ ဒီအခြေအနေကို နားလည် သဘောပေါက်ဖို့အတွက်က အရမ်း နောက်ကျသွားချေပြီ။ သူက ကားအက်စီးဒန့်တစ်ခုမှာ သေအံ့ဆဲဆဲ အခြေအနေ ကြုံခဲ့ရသည်။ အဲဒီနောက်မှာတော့ ဘာကြောင့်ရယ်မသိပဲ အသက်ရှင်ဖို့အတွက် ကယ်တင်ရေး system တစ်ခုနှင့် အတင်းအကျပ် ချည်နှောင်ချိတ်ဆက်ခံလိုက်ရ၏။

ကယ်တင်တယ်ဆိုတာက ဘယ်လိုမျိုးလဲ?
ဇာတ်လိုက်မှာ ကြင်ဖက်တွေ အများကြီး ဝိုင်းဝိုင်းလည် ရှိနေတာက အဲဒီလောကကို ပျက်သုဉ်းသွားစေတယ်! အဲဒီလို ဝိုင်းဝိုင်းလည်တာတွေ မဖြစ်အောင် ကာကွယ်လိုက်မယ်ဆိုရင်တော့ သူတို့လောကကို ကယ်တင်နိုင်မှာပေါ့!

..........

ကယ်တင်ခြင်း system အကြောင်း မိတ်ဆက်ကို တွေ့ပြီးသွားတော့ ယဲ့ကျစ်ကျိုးမှာ နှုတ်ခမ်းမဲ့မိသွားသည်။ အိမ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့အတွက် ကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ခရီးကို စတင်ဖို့ သူ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်၏။ ဒါကို စကေးမြင့်မြင့် ဗျူဟာ ပြောင်ပြောင်မြောက်မြောက်ဖြင့် ဂိမ်းတစ်ခုကို ကစားနေတယ်လို့ပဲ ယူဆလိုက်တော့မည်။

အခုကစလို့ ဇာတ်လိုက် ကယ်ဆယ်ချင်တဲ့သူတွေကို သူက အရင် ကယ်ဆယ်လိုက်မယ်။ ဇာတ်လိုက်လုပ်မယ့် စီးပွားရေးလုပ်ငန်းတွေကို သူက အရင် လုပ်လိုက်မယ်။ ဇာတ်လိုက် စုဆောင်းရမယ့် ညီလေး(နောက်လိုက်)တွေဆို သူက အရင် စုဆောင်းထားလိုက်မယ်။ ဇာတ်လိုက် အလွယ်လေး ခုန်ပျံကျော်လွှားသွား နိုင်မယ့် မကောင်းတဲ့ အဖြစ်ဆိုးတွေဆို သူ အရင်ဆုံး ကျော်လွှားလိုက်မယ်။ ဇာတ်လိုက်က ယောက်ျားလေးချင်း ချစ်တင်းနှောမယ်ဆို ငါ လုပ် ..... နေအုန်း နေအုန်း ဒီတစ်ခုတော့ မလုပ်နိုင်ဘူး .. ပြောင်းမယ် .. ငါ့ကို ပြောင်းခွင့်လေးပေး ....

???(တစ်စုံတစ်ယောက်) : ဟင့်အင်း မင်း လုပ်လို့ရပါတယ်

ယဲ့ကျစ်ကျိုး (သတိအနေအထားဖြင့်) : ဘယ်သူ စကား ပြောလိုက်တာလဲ?

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now