[Unicode]
သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာသောစကားလုံးတွေထားခဲ့သည်။
"ဒီဖေဖေရဲ့အချစ်တွေက တောင်တန်းတွေနဲ့တူလွန်းလို့ မင်းရဲ့ပုခုံးတွေလေးလံနေပြီမလား"
အနိုင်ယူခံရပြီဆိုလျှင်တော့ သူကကောင်းကောင်းကြီးချီးမွမ်းပေးတော့သည်။
"မင်းတို့ကောင်လေးတွေ ဂိမ်းကစားတာ တော်တော်ကောင်းတယ်"
လင်းမုန့်က 'နဂါးငွေ့တန်းဒဏ္ဍာရီ' ဆိုသည့်ဂိမ်းထဲမှာ rank မြင့်သော အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ သူရဲ့ကျော်ကြားလှသော အဆိပ်ပြင်းသည့်လျှာကြောင့် 'လီမွန်ဖေဖေ' ဟူသောအမည်ဖြင့် ဂိမ်းဖိုရမ်မှာ အတော်လေးကျော်ကြားပြီး သူ့ရဲ့တော်ကီတွေကို ဟာသပြက်လုံးအနေနဲ့ သဘောကျနေကြတဲ့ Fan တော်တော်များများကိုလည်း စုဆောင်းထားနိုင်ပါသေးသည်။
သို့သော်လည်း သူ့ရဲ့ကံကြမ္မာက 'မင်းဂွတ်သီး' ဆိုသည့်အမည်နှင့်ကျော်ကြားသော နတ်ဘုရားအဆင့် live streamer တစ်ယောက်နဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းပြီးတဲ့အခါမှာတော့ စတင်ပြီးပြောင်းလဲသွားပါတော့သည်။
ထိုပွဲတွင် သူ၏အဆိပ်ပြင်းလျှာအတိုင်း ပြောလိုက်မိသည့်စကားတစ်ခွန်းဟာဆိုလျှင်ဖြင့် နိုင်ငံတစ်ဝှမ်းရှိ ဂိမ်းကစားသူများအကြား meme အဖြစ်ပျံ့နှံ့သွားပြီး လူအများရဲ့ ရယ်စရာပျက်လုံးအဖြစ် နေ့ချင်းညချင်းပြောင်းသွားပါတော့သည်။
ဒါ့ကြောင့် 'လီမွန်ဖေဖေ' ဟာဆိုလျှင်ဖြင့် 'မင်းဂွတ်သီး' အကောင့်ပိုင်ရှင်ဖြစ်သည့် သူ့ရန်သူ၏အားနည်းချက်ကိုရှာဖို့ရာ စတင်ပြီး stalk ပါတော့သည်။ ဘာလို့ဆို နောက်တစ်ခါကစားပွဲကျလျှင် 'မင်းဂွတ်သီး'ကို ကောင်းကောင်းဖိနှိပ်တိုက်ခိုက်ပြီးလက်စားချေချင်လို့ပါဘဲ။
သူတို့ဟာ အချင်းချင်းတိုက်ခိုက်ကြသည်။ သူတို့အချင်းချင်း တစ်ယောက် streamတာ တစ်ယောက်စောင့်ကြည့်သည်။ ပြီးတော့ အဝတ်မပါတဲ့ပုံတွေတောင် သူတို့အချင်းချင်းလဲကြသေးသည်။
ဒါလေးကတော့ 'လီမွန်သီး'နဲ့'မင်းဂွတ်သီး' တို့ရဲ့အချစ်ပုံပြင်လေးဆိုပါတော့...။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...