အခန်း ၄၈။ ဘန်းမုန့်နှစ်ခုကြောင့် ဆေးရုံရောက်
လင်းမုန့်ဟာ ဒီပိတ်ရက်၌ တစ်ယောက်တည်းတော့ မဟုတ်ပါချေ။ broadcast room ထဲရှိ သိန်းနှင့်ချီသော water friend များလည်း သူနှင့်အတူရှိသည်။
ပွဲတော်အတွင်း လင်းမုန့်၏ live broadcastကို လာကြည့်ကြသူများသည် *true love fan များဖြစ်ကြသည်။ ထို့ကြောင့်လင်းမုန့်သည် ထို true love fan များကို အကျိုးကျေးဇူးတစ်ချို့ပေးရန် အစီအစဉ်ချလိုက်သည်။
{*true love fans: သူတို့idolက သူတို့၏ဘ၀၌ အဓိကလွှမ်းမိုးထားသကဲ့သို့ အရူးအမူးဖြစ်တတ်သော ပရိတ်သတ်}
"အခုလိုအချိန်မှ *eating live လွှင့်တဲ့ anchor တွေ မရှိဘူးဟုတ်...။ ဒီည eating live လွှင့်ပေးရမလား။"
{*eating live : live လွှင့်ပြီး အစားအသောက်စားပြတာမျိုးပါ။ မုန့်မုန့်ပြောတဲ့သူတွေကတော့ အစားအသောက်ဘလော့ဂါသီးသန့်မျိုးမဟုတ်ဘဲ ဂိမ်းဆော့တဲ့သူတွေထဲကပါပဲ။}
— ကောင်းတယ်။ ကောင်းတယ်။ live နဲ့ ကောက်ညှင်းထုပ်စားပြပါ။
"ကောက်ညှင်းထုပ်ဆိုမှသတိရ။ ငါတို့ကန်တင်းက ကောက်ညှင်းထုပ်တွေက တအားချိုတာနော်။ အိုး... ဟုတ်သား။ နောက်ပြီးကျရင် ဒုတိယယကန်တင်းက ဘန်းမုန့်ပေါင်းကို စားပြမယ်။ နှစ်ခုတောင်စားမှာနော်"
— မင်းရဲ့စိတ်ရင်းကရော ဘယ်မှာလဲ။ anchor တွေ eating liveလုပ်ရင် သူတို့ကအနည်းဆုံး အခု၃၀ လောက်စားတာ။"တော်စမ်းပါ။ ဖိုက်တာတစ်ယောက်တောင် ငါတို့ကျောင်းကန်တင်းက ဘန်းမုန့်ပေါင်းကို တစ်ခုပဲစားနိုင်တယ်။ ရဲရင့်တဲ့ဖိုက်တာမျိုးမှ နှစ်ခုစားနိုင်တာ"
— သုံးခုစားနိုင်တဲ့သူဆိုရင်ရော
"အာဇာနည်သူရဲကောင်းပေါ့"
ဒီလိုနဲ့ စိတ်ကျေနပ်စွာပင် ဆုံးဖြတ်ခဲ့သည်။ လင်းမုန့်သည် "anchorတော့ ဘန်းမုန့်ပေါင်းတွေဝယ်ဖို့သွားပြီ" ဟူသည့် စာတန်းကို ကွန်ပျူတာပေါ်၌ ချန်ထားရစ်ခဲ့ပြီး လူကတော့ ဒုတိယကန်တင်းဆီ ပြေးလေပြီ။
ထို့နောက် ဘေးဘက်မှ ဆေးဆိုင်သို့ အရေးပေါ်အခြေအနေအတွက် ဆေးဝယ်ရန် ဆက်သွားလိုက်သည်။ ပြန်ရောက်ပြီးနောက်...

YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...