[Unicode]
Chapter 77 - စားသောက်နေတုန်းမီးဖြတ်--မျက်နှာရဲ
anchor လင်းမုန့်သည် မင်းဂွတ်သီးနတ်ဘုရား၏ အချက်အပြုတ်စွမ်းရည်မှာ နံပါတ်တစ်ဖြစ်ကြောင်း သက်သေပြရန် ထူးကဲသောစားတော်ပွဲတစ်ပွဲဖြင့် တည်ခင်းပြလိုက်ရသည်။
သူတို့မစားရသေးဘူးဟုဆိုသော မိန်းမပျိုများသည် ပို့ဆောင်ပေးရန် မှာကြားခြင်းကို မထိန်းနိုင်ပေ။ နောင်တစ်ချိန်မှာ မုန့်မုန့်စားသောက်တာကို ဘယ်တော့မှ မကြည့်တော့ဘူးလို့လည်း ဒေါသတကြီး ကတိပြုသည်။
အချက်အပြုတ်ဗဟုသုတများကို မိမိဘာသာလေ့လာရသော လူသစ်စားဖိုမှူးလေးရှန့်ကျူသည် screenတစ်ခုလုံးပြည့်နေသည့် "ကြည့်လို့ကောင်းတယ်။ အရသာရှိမှာပဲ။ ငါစားချင်တယ်" ဆိုတာတွေကို မြင်လိုက်ပြီးနောက် မုန့်မုန့်ရဲ့ အစာအိမ်ဘယ်လောက်ကြီးကြောင်း ထိုလူတွေမသိသေးဘူးဆိုတာ တွေးမိလိုက်သည်။
သူဟာ ဒုတိယကန်တင်း၏ အစာသွတ်ပေါက်စီကိုပင် အလွန်အကြူးစားနိုင်သည်။ သူ့အတွက်ဝောာ့ မည်သည့်အစားအစာမဆို အရသာရှိကာ စားလို့ရသည်။ မနှစ်မြို့ဖွယ်ကောင်းသော အစားအစာဆိုတာမရှိ။
လင်းမုန့်သည် စားသောက်နေရင်းမှ သူ့ရှေ့မျက်နှာချင်းဆိုင်ကရှန့်ကျူကို ကြည့်လိုက်ရာ အစားမစားဘဲ မျက်နှာကို လက်ဖြင့်ထောက်ထားပြီး သူ့ကိုသာစူးစိုက်စွာကြည့်နေကြောင်း မြင်လိုက်ရသည်။သူပဟေဠိဖြစ်ကာ အံ့အားသင့်သွားရသည်။ သူ့ရဲ့ အစားအသောက် အလေ့အထက လူတွေကို အစာစားချင်စိတ် မဖြစ်အောင် တားနိုင်တာလား။
"ဘာလို့မစားတာလဲ""ငါက ငါ့လုပ်အားရဲ့ အသီးအပွင့်တွေကို ခံစားနေတာ"
ရှန့်ကျူအမှန်အတိုင်းပြောလိုက်သည်။
"မင်းရဲ့လုပ်အားဆိုတာက စားပွဲပေါ်က အသီးအနှံတွေ မဟုတ်ဘူးလား"ရှန့်ကျူ ထူးထူးခြားခြားခေါင်းခါပြကာ လင်းမုန့်၏နှုတ်ခမ်းထောင့်စွန်းမှ ငြုပ်ဆီကို လက်သုတ်ပုဝါဖြင့် တို့သုတ်ပေးလိုက်သည်။
"ရပြီလား"
လင်းမုန့် နှုတ်ခမ်းထောင့်စွန်းကို လျှာဖြင့်သပ်လိုက်သည်။

YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...