အသုံးအနှုန်းများ

187 7 0
                                    

chapterက အစကနေ ရောက်တဲ့အထိထဲက အသုံးများပြီးရောတတ်တဲ့ဟာလေးတွေ၊ ဂိမ်းထဲကအသုံးအနှုန်းလေးတွေကို ပြန်စုပေးထားတာပါ။ ဖတ်ရင်းနဲ့မေ့သွားတဲ့အခါ ပြန်ကြည့်လို့ လွယ်တာပေါ့နော်။ နောက်အခန်းတွေမှာ အသစ်တွေပါလာရင်လည်း အဲဒီ့မှာရှင်းပြသလို ဒီထဲမှာပါ ထပ်ဖြည့်ပေးပါ့မယ်။

1. Black powder : idol ကိုမုန်းသည့် fan များ
2. Water friend : stream လုပ်နေစဉ် အားပေးကြသည့် ပရိတ်သတ်အစုအဝေး
3. Fighting cat : idol နဲ့အပြန်အလှန်အကျိုးပြုသူ (တရုတ်ဗန်းစကား)
4. 666 : လျို့လျို့လျို့
5. ဒါက ကစားပွဲမှာ ကစားသမားရဲ့စကေးကြွယ်မှုကို အံသြချီးမွမ်းတာ။ ဒါမှမဟုတ် လက်ခုပ်တီးအားပေးတဲ့နေရာမျိုးမှာ သုံးတယ်။ (တစ်ခါတလေ စကေးညံ့တဲ့ကောင်တွေကို ရွဲ့ပြီးလှောင်ပြောင်ထေ့ငေါ့တဲ့အခါမှာလည်း သုံးတယ်)
5. အသိအမှတ်ပြုလက်ဆောင် : Game Live Streaming လွှင့်တဲ့အချိန်ကျရင် ကစားတဲ့သူကိုသဘောကျတဲ့အခါ လက်ဆောင်ပေးတာမျိုးပါ။ ပိုက်ဆံနဲ့ဝယ်ရတာပါ။ မြန်မာနိုင်ငံမှာဆို ကြယ်လေးတွေပေးကြတာပါ။
6. JB : "ကျီးပါ"ရဲ့ အတိုကောက်ပါ။ (အမျိုးသားအင်္ဂါကို ရည်ညွှန်းသလို ဆဲတဲ့နေရာမှာလဲသုံးပါတယ်။)
7. IRL : in real life
8. jiayou (加油) : ကျားရုံ၊ လောင်စာထည့်ပေးခြင်း။ (အားပေးအားမြှောက်လုပ်သည့် တရုတ်ဗန်းစကား။ "fighting" နဲ့တူပါတယ်။)
9. eat S : စိတ်ကျေနပ်စေအောင် အစားထိုးသည့် ဘယ်လိုအရာလေးမဆို 'S' နဲ့ စနေပြီဟု စိတ်ကူးနိုင်သည်။
10. health : health bar
11. ကစားသမားတို့၊ အခြေစိုက်စခန်းတို့ရဲ့ လက်ကျန်သွေးပမာဏကိုပြတဲ့ bar
11. JissBon : James Bond အမည်ရှိ တရုတ်ကွန်ဒုံးအမှတ်တံဆိပ်။
12. လက်ခလယ်တစ်စုံစာ : လက်ခလယ်ရဲ့အဓိပ္ပာယ်တော့ သိကြတယ်မလား။ အခုက လက်နှစ်ဖက်လုံးဆိုတော့ တစ်စုံစာပါ။
13. face : မျက်နှာပန်းလြှခင်း။ ဂုဏ်ကျက်သရေရြှိခင်း။ ဂုဏ်သတင်း‌ကျော်ကြားခြင်း။
14. Hand Play Year (手玩年) :  တစ်စုံတစ်ဦးက လှပသောလက်များကိုတွေ့သည့်အခါ "ဒီလက်နှစ်ချောင်းကို ငါချစ်ခင်ကြောင်းဖော်ပြဖို့ တစ်နှစ်လုံး ကစားနိုင်တယ်"ဟု ဆိုလိုကာအသုံးပြုသည့် ဂိမ်းအသုံးအနှုန်း။ 
15. PK : MMORPG Game အမျိုးအစားတွေမှာ player အချင်းချင်းသတ်တဲ့နေရာမှာသုံးတာပါ။ 1 vs 1 ပေါ့။
16. အကောင့်ကြီး(大号): နာမည်ကြီးကစားသမားတွေရဲ့ အဓိကအကောင့်
17. အကောင့်သေး(小号) : နာမည်ကြီးကစားသမားတွေရဲ့ လူမသိသူမသိခိုးဆော့တဲ့ အကောင့်ကိုခေါ်တာပါ
18. Brush (刷) : သူ့အဓိပ္ပါယ်က refresh ဒါမှမဟုတ် swipeပါတဲ့ chattingထိုင်တဲ့အခါမှာ မပြောသင့်တဲ့ တားမြစ်စကားလုံးကိုဆိုလိုတာပါ
19. တွင်းပေါက် : ဝါသနာအပေါ် နက်နက်ရှိုင်းရှိုင်းစွဲလမ်းအားကြီးတဲ့သူကို သုံးနှုန်းတဲ့ အင်တာနက်ဗန်းစကား။ စာဖတ်တာလိုမျိုး၊ web novel တွေရေးတာမျိုး၊ ဂိမ်းတွေကစားတာမျိုးလိုပေါ့။
20. rot : အခြေခံအားဖြင့် ဆိုရလျှင် ထူးခြားသောငါးစာချခြင်း။ မျှားခေါ်ခြင်း။
21. cat food, catnip, cans, etc : အနီးစပ်ဆုံး ခန့်မှန်းရသလောက် Fighting cat တွေရဲ့ ငွေကြေးပေါ့။ viewer တွေက ဒီလိုနည်းနဲ့လက်ဆောင်တွေဝယ်ပြီး streamer ကို ပိုက်ဆံပေးတာ၊ support တာ။
22. PY transaction : အင်တာနက်။ blackroom deal အတွက် LOL မှလာသည့် 'ဂိမ်းကစားခြင်း'၏ ဗန်းစကား
23. အိမ်တော်ထိန်း : စကားပြောခန်းတွင် စီမံအုပ်ချုပ်မှုနယ်မြေ၏ အကြီးအကဲရာထူး
24. waves/ လှိုင်းလုံးများ : ကန့်သတ်ချက်မရှိဘဲ စိတ်ကျေနပ်သည်အထိ ပြုလုပ်ခြင်း။ အခြားသူကို ပွဲဖျက်ခြင်း။
25. ကားတံခါးသွားခေါက် : သွားအသေခံခိုင်းသည်။
26. ကြာမြစ်တွေအရမ်းစားလွန်းတယ် - သောက်ရမ်းအရုပ်ဆိုးတယ်
27. ဆီလီနီယမ် - သတ္တုဆာလ်ဖိုက် အရိုင်းများတွင် သဘာဝနည်းဖြင့် ဖြစ်ပေါ်နေသော သတ္တုမဟုတ်သည့် ဒြပ်စင်တစ်မျိုး။
28. Beta version - တရားဝင်မထုတ်မီ အစမ်းသုံးသော version
29. expression pack : အလွယ်ပြောရရင် emoji လိုပေါ့။ မျက်နှာပုံစံအမျိုးမျိုးပါ။ game ရဲ့ chat box မှာသုံးကြပါတယ်။
30. powder ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ပရိတ်သတ်ပေါ့။
31. BGM = background music
32. အလှပန်းလေး - ရွေးချယ်တဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ vote အရ အများဆုံးသူပေါ့နော်။ ကျောင်းတစ်ကျောင်းလုံးအနေနဲ့ရွေးတာလဲရှိသလို ဒီမှာတော့သူတို့ဌာနတစ်ခုထဲရဲ့ ရွေးချယ်ခံရသူပါ။ တို့နိုင်ငံမှာဆို major queen လိုထင်ပါ့။
33. P=photoshop
34. Q-version : chibi style
35. အစွယ်တွေနဲ့ဟန်ရေးပြ : သွားအဖြီးသားနဲ့ရယ်ပြနေတဲ့ expression
36. gay friends : လိင်အမျိုးအစားတူပြီး နီးကပ်လွန်းသည့်သူငယ်ချင်းများကို ခေါ်သော ဗန်းစကား
37. lame : အလွန်အမင်း ပျင်းရိခြင်းရဲ့ အင်တာနက်ဗန်းစကား။ အကြောင်းအရာဖန်တီးသူက အများသိအောင် မချပြနိုင်တဲ့အခါမှာ သုံးပါတယ်။
38. VOD : video on demand
39. stream လုပ်ရာတွင် သုံးသည့် အခေါ်အဝေါ်
39.  ghost beast : တိုက်ရိုက်ဘာသာပြန်ရလျှင် 'ဒုက္ခရောက်အောင်ပြုလုပ်သည်'။ dialogue တွေ ဖြတ်ညှပ်တာ၊ နောက်ခံသီချင်းကို ရယ်စရာလုပ်တာ၊ သီချင်းသံကို မြန်အောင်ရစ်ထားတာ (နားကိုထိခိုက်စေရန်)စတဲ့ video တည်းဖြတ်နည်းပညာအတွက် ဗန်းစကားပါ။
40. Up Main : video သို့မဟုတ် audio file တွေရဲ့ original uploader
41. P-picture : ဓာတ်ပုံတည်းဖြတ်ရာမှာ photoshop နည်းပညာကိုသုံးပြီး personal ပုံကိုချုံ့ခြင်း။
42. hand speed : ကစားသမား၏ လက်အမြန်နှုန်း။ တစ်မိနစ်လျှင်လုပ်ဆောင်မှု (APM) လို့ရည်ညွှန်းတဲ့ လက်မြန်နှုန်းဟာ 100APM ဖြစ်ပြီး pro ကစားသမားတွေကတော့ ပြိုင်ပွဲမှာ 300APM+ အထိရောက်ရှိနိုင်သည်။
43. Gen ren pao (跟人跑): ခိုးရာလိုက်တာရဲ့ slang word(ဗန်းစကား)ပါ
44. Amway (安利)"အန်းလိ" : အသည်းအသန်ထောက်ခံမှုကိုပြသတဲ့နေရာမှာသုံးတာပါ။ အန်းလိ(Amway)က အမေရိကန် brand နာမည်တစ်ခုဖြစ်ပြီးတော့ သူတို့ကသူတို့ထုတ်ကုန်တွေကို တရုတ်မှာ ကြော်ငြာဖို့ ပိရမစ်အစီအစဉ်တွေကိုပါသုံးခဲ့တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပိရပစ်အစီအစဉ်ဆိုတာ တရားမဝင်တာမျိုးကိုပြောတာ အားလုံးကိုအကျဉ်းချုံလိုက်ရင် illegal ပဲ။
45. ကျူးကျော်ခြင်းနဲ့ဖျက်ဆီးခြင်း (侵删) : တရုတ်အင်တာနက်အသုံးပြုသူတွေကြားက မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ပတ်သက်တဲ့စကားလုံး.. ရုပ်ပုံတွေကိုခိုးယူခြင်းနဲ့ ကိုယ်ပိုင်အက္ခရာတွေကိုမူပိုင်ခွင့်အတွက် ကာကွယ်ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်
46. open a room (开房): အခန်းငှားတာရဲ့ အခြားစကားလုံးတစ်ခုပါ များသောအားဖြင့် အဲတာကစုံတွဲဆိုရင် sexလုပ်တဲ့အခါမှာသုံးပါတယ်
47. Open fumigation (开熏): ဒေသသုံး ဗန်းစကားဖြစ်ပါတယ် " ပျော်တယ်” (开心)ဆိုတဲ့စကားလုံးနဲ့ သံတူကြောင်းကွဲစကားလုံးပါ အဲ့ဒါကပိုချစ်ဖို့ကောင်းပြီး ဆယ်ကျော်သက်လေးတွေက သုံးရတာသဘောကျကြပါတယ်တဲ့..
48. ယာဉ်မောင်းသမားဟောင်း - ညစ်တီးညစ်ပတ်ပြောတဲ့နေရာ တစ်နည်း ယူတို့ထင်တဲ့ဟာမှာ ဝါရင့်၊သဘာရင့် နေပြီလို့အဓိပ္ပါယ်ရပါတယ်။
49. guest commentary - ထုတ်လွှင့်သူကစားနေတုန်း ဖိတ်ခေါ်ခံထားရတဲ့ဧည့်သည်က ကစားနေတဲ့ပုံစံကို ကြည့်နေသူတွေအတွက် ရှင်းလင်းပြောပြပေးတာပါ။
50. ဘရိတ် (刹车): ဆိုးသွမ်းတဲ့အကျင့်ကို ဟန့်တားရန်ပြုလုပ်ခြင်း
51. ဖုန်မှုန့် (泥垢): 'မင်းအရမ်းလွန်တာပဲ'ဆိုတာရဲ့ သံတူကြောင်းကွဲ အင်တာနက်ဗန်းစကား။ တခြားသူရဲ့အပြုအမူကို ဒေါသထွက်ကြောင်း ပြသခြင်း။ နောက်ပြောင်ပြီးတော့လဲ ပြောနိုင်သည်။
52. noob: noobဆိုတဲ့စကားကိုဘာသာပြန်ရရင် *အသုံးမကျတဲ့ငှက်/ကျားအင်္ဂါ*ပါတဲ့ (ရိုင်းရိုင်းပြောရရင် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့အဓိပ္ပါယ် ဂိမ်းတွေမှာအသုံးမကျရင်လည်း noobလို့ခေါ်ကြပါတယ်)↩
53.bird's egg : ငှက်ဥကို ဘာသာပြန်ရရင် *ငှက်(ယူတို့တွေးတဲ့ငှက်ပါပဲ)/အင်္ဂါဥ(မပြောလည်းသိကြမယ်ထင်ပါတယ်။ (ငှက်ကမှအသုံးမကျပါဘူးဆို ဥဆိုတော့အလကားပဲပေါ့။

54. လမ်းစောင့်/ဂိတ်စောင့် (站街): လမ်းမှာလုံခြုံရေးအတွက် သွားလာစောင့်ရှောက်နေတဲ့ ရဲကင်းခေါ်သလို လမ်းသွားလမ်းလာပြည့်တန်ဆာတွေကိုလည်း ရည်ညွှန်းပါသေးတယ်တဲ့
55. Wyvern-တောင်ပံပါတဲ့ ဒိုင်နိုဆောလိုပုံစံနဂါး
56. kiting- ဂိမ်းကစားရာတွင် ရန်သူကချဉ်းကပ်လာသည့်အခါ အကွာအဝေးတစ်ခုမှနေ၍တိုက်ခိုက်ခြင်းနှင့် ထွက်ပြေးခြင်း
57. DPS, Damage per second: တစ်စက္ကန့်အတွင်းထိခိုက်နှုန်း
58. on the scene - gamer မှ game ပွဲကိုပြန်ကြည့်နေစဉ်တွင် ထိုပွဲကိုမျက်မြင်တွေ့ဖူးထားသော live stream ပရိတ်သတ်များကိုခေါ်သော စကားစု။များကို အနောက်တွင်ထားသည်။
59. လေမှုတ်သူ - လေလုံးထွားသူ၊ ကြွားဝါသူ
60. crowd control - သက်ရောက်သောဧရိယာအတွင်း ရန်သူအားလုံးကို ထိခိုက်စေသော စွမ်းရည်များအတွက် ဂိမ်းဝေါဟာရများ)
61. poop-scooping - ခွေးအစရှိသော တိရစ္ဆာန်များ၏ အညစ်အကြေးကျုံးသည့်ဂေါ်ပြား။ ညစ်ပတ်နေတဲ့သူ

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Donde viven las historias. Descúbrelo ahora