ဒီည triple update နော်။
ဒီည triple update နော်။
Scroll down for ZAWGYICODE.
[Unicode]
Chapter 51 - အချစ်လက်မှတ်
လင်းမုန့်သည် ကြောက်ရွံ့ဖွယ်အကြည့်ဖြင့် တဖြည်းဖြည်းချင်း အိပ်ရာထောင့်စွန်းသို့ ရွှေ့သွားသည်။ အဆုံးမှာတော့ နောက်တစ် စက္ကန့်တွင် ရှန့်ကျုမှသူ့ကို *ကားမောင်းတော့မည့်နှယ် ထောင့်စွန်းနားတွင် သူ့တစ်ကိုယ်လုံးကို ကွေးထားလိုက်သည်။
{*ကားမောင်း - making sex}
ရှန့်ကျုသည် လင်းမုန့်ဤသို့ တုံ့ပြန်ပြုမူလိမ့်မည်ဆိုတာ ကြိုသိနေပြီး ညင်သာစွာချောင်းဟန့်လိုက်သည်။
"မပုန်းပါနဲ့။ ဒီကိုလာ"
လင်းမုန့်ကတော့ ထိတ်လန့်တကြားဖြင့် တံတွေးမျိုချလေသည်။
"မင်း... ဟန်ဆောင်နေတာမဟုတ်ခဲ့ဘူးလား"
"မဟုတ်ဘူး"
"အဲဒါတစ်ကယ်ပေါ့... ဟမ်..."
"တစ်ကယ်..."
"ဒါက..."
သူ့ဦးနှောက် နှစ်ကြိမ်လောက် ပြေးလွှားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။
"Weibo မှာ မင်းပြောခဲ့တဲ့ မင်းကြိုက်နေတဲ့သူဆိုတာက ငါလား..."
"အင်း..."
"ဒါပေမဲ့..."
လင်းမုန့် စိတ်ရှုပ်ထွေးနေဟန်ဖြင့် မျက်တောင်ခတ်သည်။
"ငါးက အတွေးတွေကို လိုရာဆွဲမတွေးတတ်ဘူးလေ"
"မင်းက လိုရာဆွဲမတွေးတတ်ရုံတင်မကဘူး။ ကန်းပါကန်းနေတာလေ။ ငါ့ဘက်ကသိသိသာသာရှိပေမဲ့ မင်းကတော့ live broadcast အတွက် ဟန်ဆောင်နေတာလို့ပဲ ထင်နေတဲ့ဟာ"
"မဟုတ်ဘူးလား"
"ငါမေးမယ်။ ငါမင်းအတွက် မနက်စာ၀ယ်လာချိန်မှာ live လုပ်လို့လား"
"မလုပ်ဘူးလေ"
"ငါမင်းနဲ့အတူပြေးတော့ရော live လွှင့်လား"
"မလွှင့်ဘူး"
"ငါမင်းနဲ့ ဆေးရုံကုတင်ပေါ် အတူအိပ်တုန်းကရော live လွှင့်လား"
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...