Chapter 67 - ဖုံးလို့ပေါ် ဟုတ်လို့ကျော်
နွေရာသီအားလပ်ရက်အတွင်း broadcast platform ၏အနေအထားမှာ ပိုမိုမြင့်တက်သွားသည်။ အားလပ်ရက်ရာသီပွဲစဉ်အတွင်း Fighting Cat သည် ရှန့်ကျုကဲ့သို့ အစောပိုင်းကတည်းက လက်မှတ်ထိုးထားသည့် ကစားသမားများကို စု‌စည်းကာ ကစားခိုင်းလိုက်ခြင်းက ပိုပြီးနာမည်ကျော်သွားစေသည်။
ရှန့်ကျု၏ လှုပ်ရှားမှုအခွင့်အလမ်းများမှာ ပြည့်နှက်သွားပြီဖြစ်ရာ နေ့အခါတွင် လင်းမုန့်နှင့် မြို့ပတ်ပြီး ညအခါတွင် streaming လုပ်ရန် ပြန်လာသည်။
လင်းမုန့်ကလည်း သူအထက်တန်းတုန်းကသုံးခဲ့သော desktop ကို ရှန့်ကျုအား သုံးခွင့်ပေးထားသည်။ အိမ်မှာရှိသည့် network speed ကလည်း အလွန်စိတ်ကူးယဉ်ဆန်လှသည်။ မကောင်းတာတစ်ချက်က ကင်မရာမပါတာပင်။
မင်းဂွတ်သီးနတ်ဘုရား၏ face powder များသည် ဒါကိုလက်မခံနိုင်ကြပေ။ ကင်မရာအတွက် နေ့တိုင်းငိုကြွေးနေကြပြီး ကမ္ဘာကြီးကို ကုတ်ခြစ်ကာ သူတို့၏သွေးဖြင့် တောင်းဆိုစာရေးကြတော့သည်။
skill powder များကတော့ ထိုအပေါ်ယံပရိတ်သတ်များ၏ ကံဆိုးမှုအပေါ် စိတ်ကျေနပ်နေကြသည်။
ဘယ်သူသိမှာလဲ။ မင်းဂွတ်သီးနတ်ဘုရားက မျက်နှာမပြဘဲ streamingလုပ်လာလိမ့်မယ်လို့လေ။
ဒါလည်း ကျေးဇူးတင်ဖို့ကောင်းပါသည်။ ရှန့်ကျု လင်းမုန့်အိမ်သို့ တိတ်တိတ်လေးရောက်နေတယ်ဆိုတာ ဘယ်သူမှမသိတော့ဘူးပေါ့။
‌အားလပ်ရက်အတွင်း လင်းမုန့်သည် အိမ်ပြန်ရောက်နေခဲ့ပြီး ရှန့်ကျူလည်း မြောက်ဘက်ဟယ်ပေမှာ သောင်တင်နေဆဲပင်။ ထို့ကြောင့် လူသိများကျော်ကြားသည့် Fighting Cat ၏ စင်ဂယ်ခွေးကလေးများကို အနိုင်ကျင့်တတ်သည့် couple သည် activate ဖြစ်နေပြီး စကားလုံးအရှည်ကြီးကို အတိုချုပ်ရပါမူ မီလီယံချီသော နဂါးငွေ့တန်း၏စင်ဂယ်လေးများကို အကုန်မြန်သောအားလပ်ရက် ပေးစွမ်းနေသည့်နှယ်။
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Onde histórias criam vida. Descubra agora