အခန်း ၁၁ + ၁၂ / မင်းက မင်းဂွတ်သီးနတ်ဘုရားလား

1.4K 247 39
                                    

အခန်း ၁၁ + ၁၂ / မင်းက မင်းဂွတ်သီးနတ်ဘုရားလား

Chapter 11

နောက်ဆုံးပွဲစဉ်ချိန်ဟာ စတင်ခဲ့ပြီဖြစ်၏ ။ လင်းမုန့် သူ၏အဖွဲ့ကို အင်ပါယာအဖြစ် ကျပန်းရွေးချယ်လိုက်သည် ။ တစ်ဖက်က သိပ်မကြာသေးခင်က ဖွင့်ထားတဲ့ အရံအကောင့်သေးလေးဆိုတာ သိသာလွန်းလှသည် ။ ၎င်း၏ PKပြိုင်ပွဲနှင့်ပတ်သက်ပြီး recordများမှာ အချို့ဂိမ်းများတွင် အနည်းငယ်သာရှိခဲ့၏ ။

[အင်ပါယာ] လီမွန် : မင်းရဲ့ အကောင့်ကြီးကို ဘယ်လိုခေါ်လဲ
(Tn- main account nameကိုမေးလိုက်တာပါ)

[အဖွဲ့ချုပ်] ပန်းသီးလေး : မှန်းကြည့်လေ ^__^

လင်းမုန့်တစ်ယောက် ထိုတုန့်ပြန်မှုကို အတော်လေးရင်းနှီးနေတာကို ခံစားလိုက်ရသည် ။

[အင်ပါယာ] လီမွန် : မင်းရှုံးရင်ပြောပြမှာလား

[အဖွဲ့ချုပ်] ပန်းသီးလေး : ပြဿနာမရှိပါဘူး အဲ့အချိန်ရောက်ရင် ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်နေကြရောပေါ့ ^__^

ပွဲအစတွင် လင်းမုန့်သည် တစ်ဖက်လူ၏ ကစားကွက်တွေကို သေချာစောင့်ကြည့်နေခဲ့ပြီး ပွဲစပြီးဆယ်မိနစ်မှာပင် စိတ်လှုပ်ရှားလာရကာ နားထဲမှာပင် တ၀ီ၀ီသံတွေဆူညံလာခဲ့သည် ။

တူလွန်းတယ်! ဒီလိုကျွမ်းကျင်မှုနှင့် လှည့်ကွက်တွေက မင်းဂွတ်သီးနတ်ဘုရားအတိုင်းပဲ ။ မသိရင်ပုံစံတူ ကူးထားသလိုမျိုး သူ့ရဲ့ကိုယ်ပိုင်ကစားဟန်တွေက လုံး၀ကို ထပ်တူကျနေတာ!

ဒါက မင်းဂွတ်သီး နတ်ဘုရားရဲ့ ဘ၀မှန်ကိုသိရဖို့အတွက် အဓိကကျတဲ့ အချိန်ပဲ ။ လင်းမုန့် သူ့တစ်ကိုယ်လုံးကို နိုးနိုးကြားကြားဖြစ်အောင် နေလိုက်ပြီး အမှားလေးတစ်ခုလုပ်မိသွားမှာကိုပင် သေမလိုကြောက်ရွံကာ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လိုက်၏ ။

ပွဲအလယ်၌ သူတို့သည် ချုံခိုတိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် ပတ်၀န်းကျင်ကို စူးစမ်းနေကြ၏ ။ asteroid oreနယ်နိမိတ်ကို ထိန်းချုပ်နိုင်ဖို့ အလှည့်အပြောင်းကို စောင့်ရင်းဖြင့် ။ သူတို့နှစ်ဦးသည် အတူတကွရောက်လာပြီး တိုက်ခိုက်ခဲ့ကြသည် ၇ကြိမ် ဒါမှမဟုတ် ၈ကြိမ် ။ 1V1 စစ်ပွဲသည် အချိန်အတော်ကြာအောင် မပြီးဘဲ ရှိနေခဲ့၏ ။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now