Chapter 24ရှန်းကျူနှင့်လင်းမုန့် သူတို့အိပ်ဆောင်ကိုမပြန်မီ မီးမဖြတ်ခင်အချိန်အထိ စကားပြောနေခဲ့ကြသည်။ ရှန်းကျူ သူ့အခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် သူ့အိမ်ထိန်း၏ အမြောက်စာဒဏ်ကိုခံလိုက်ရသည်။
သရက်သီးလေးနည်းနည်းလောက်: Boss! မင်းဘယ်မှာလဲ မင်းပေါ်မလာသေးဘူးဆိုရင် သိပ်မကြာခင် သရက်သီးစိမ်း ဖြစ်သွားတော့မှာနော် ! !
သရက်သီးသူခိုး: ?
သရက်သီးလေးနည်းနည်းလောက်: မင်းကြည့်ဖို့ Linkတစ်ခုပေးမယ်!! http: //www. xinghebagua .hs/post-10086.html
[အတင်းအဖျင်း] စိတ်လှုပ်ရှားနေတဲ့ new anchorကောင်လေးက ညဥ့်နက်သန်းခေါင်ကြီးမှာ လူချောလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်..သူတို့က စကားတွေအများကြီးပြောပြီး ရယ်မောနေခဲ့ကြတာ..
LZ3: [နှင်းကျနေပုံနဲ့လီမွန်ပုံ.jpg]
[[LZ (楼主): pinyinအတိုကောက်စာလုံး လောင်ကျူ(lou zhu) အဆောက်အဦးပိုင်ရှင်/အခန်းပိုင်ရှင်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး ဖိုရမ်ပေါ်မှာ topicတစ်ခုကိုရေးသားတဲ့လူကို ရည်ညွှန်းပါတယ် Topicကိုပြန်ပြီး replyလုပ်ရင်"အထပ်တွေ"(ပထမထပ်၊ ဒုတိယထပ်....) အဲလိုသုံးတာပါ ဒါကြောင့်လူတွေက သူreplyချင်တဲ့တစ်ခုကို "အပေါ်ထပ်မှာ"ဆိုတဲ့စကားနဲ့ ပြောကြတာပါ]]
{ခြူးအနေနဲ့ပြောရရင် commentတွေကို replyပြန်တာကိုဆိုလိုတာပါ first reply, sec reply လိုမျိုး..}1L: ဆိုဖာ!
2L: သစ်သားခုံရှည်လား
3L: သိပ်မသိသာဘူးကွာ မင်းသရဲကိုမြင်ရလား [¯\_(ツ)_/¯]
4L: သရဲမမြင်နိုင်ပေမယ့် လီမွန်ဖေဖေကိုတော့မြင်ရတယ်ကွ [:)], လူတစ်ယောက်အနေနဲ့တောင် အသိအမှတ်ပြုမှုက အံ့အားသင့်စရာပဲ!
5L: အခန်းပိုင်ရှင်ရေ လီမွန်ဖေဖေကိုမြင်သေးလား.. coordinate (လီမွန်ဖေဖေရဲ့နေရာ)ကို ပြောပြပါ !
6L: အပေါ်ထပ်ကလူ လီမွန်ဖေဖေက မြောက်ပိုင်းဟယ်ပေ့မှာ စာလေ့လာနေတယ်လို့ပြောခဲ့တာပဲ သူသာကောလိပ်ကျောင်းသားဆိုရင် တက္ကသိုလ်မြို့မှာ သူနဲ့တွေ့ဖို့အခွင့်အရေးပိုများလိမ့်မယ်

ESTÁS LEYENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...