[Unicode]
Chapter 74 - အဝေးရောက်ချစ်သူအတု
@မက်မွန်သီး : ဒေသခံမဟုတ်တဲ့ Fruit powder အနေနဲ့ ဒဏ္ဍာရီလာ FRUITရဲ့ အခြေစိုက်စခန်းရှိတဲ့ မြောက်ဘက်ဟယ်ပေဆီ သွားခဲ့တယ်။ အထဲဝင်ခွင့်မရပေမဲ့ တံခါးအပြင်ကနေ အမှတ်တရဓာတ်ပုံရိုက်ယူပြီး စာလေးတစ်စောင် ချန်ခဲ့လိုက်တယ်။ အဲဒီ့မှာ မမျှော်လင့်ဘဲ 'အဝေးရောက်ချစ်သူတွေပါ' ဆိုတဲ့ လူနှစ်ယောက်ကိုပါ တွေ့မိသေးတယ်။ @လီမွန် @မင်းဂွတ်သီး.... သူတို့ကို ဖော်ထုတ်ကြရအောင် [🤧🤧🤧]
[အခြေအနေမှန်ဓာတ်ပုံ.jpg]
— @ပရိတ်သတ်A: Blogger ရေ... ဒါကမင်းအမှားပဲ။ ပုံထဲကနှစ်ယောက်က @လီမွန် @မင်းဂွတ်သီး တို့နဲ့ အတိအကျတူပေမဲ့ ယုံကြည်ရတဲ့ anchor က 'အဝေးရောက်ချစ်သူ' အခြေအနေအလယ်မှာလို့ပြောထားတယ်လေ။ ဒီလိုဆိုမှတော့ တစ်နေရာစီ ရှိမှာပေါ့။ သူတို့နဲ့ အတိအကျတူတဲ့ လမ်းသွားလမ်းလာတွေရဲ့ ဓာတ်ပုံကို ရိုက်လာပြီး ဘာလို့ ပို့ပေးတာလဲ။ [👨🏻🏫👨🏻🏫👨🏻🏫]
— @ပရိတ်သတ်B: Blogger ရေ... ဒါကမင်းအမှားပဲ။ @လီမွန် @မင်းဂွတ်သီး တို့က 'အဝေးရောက်ချစ်သူ' ဟန်ဆောင်နေတာ။ သူတို့ခက်ခက်ခဲခဲနဲ့ ကြိုးစားဖုံးကွယ်နေတာကို ဘာလို့လိုက်ဖော်နေတာလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီးပြီလား။ မစဥ်းစားဘူးမလား။ မင်း... ကိုယ့်အကြောင်းကိုယိပဲ တွေးနေတယ်။ [👨🏻🏫👨🏻🏫👨🏻🏫]
— @ပရိတ်သတ်C: Blogger ရေ... ဒါကမင်းအမှားပဲ။ @လီမွန် @မင်းဂွတ်သီးတို့က နဂါးငွေ့တန်းကခွေးလေးတွေကို အပေါ်ယံမှာ ဝေးကွာနေကြောင်းပြပေမဲ့ နှလုံးသားထဲမှာတော့ အပြစ်ရှိစိတ်အပြည့်ပါပဲ။ မင်းက သူတို့ရဲ့ကြင်နာမှုကို ဖြိုချပြီး တစ်ကောင်တည်းခွေးကလေးတွေကို အပြင်းအထန် ထိုးနှက်နေတာကြောင့် ထိန်းသိမ်းရေးအဖွဲ့က ဒီကိစ္စကိုခွင့်လွှတ်မှာ မဟုတ်ပါဘူး။ [👨🏻🏫👨🏻🏫👨🏻🏫]
— @FanD: Blogger ရေ... ဒါကမင်းအမှားပဲ။ @လီမွန် @မင်းဂွတ်သီးတို့က ဘာလို့တစ်ချိန်တည်း FRUIT ရဲ့အခြေစိုက်စခန်းမှာ ရှိနေတာလဲ။ သိသိသာသာကို
ရာသီပွဲစဥ်သစ်အတွက် မင်းဂွတ်သီးကိုခေါ်ဖို့ Fruit နဲ့ လက်မှတ်ထိုးပြီး သတင်းကြီးအနေနဲ့ ကြေငြာချင်တာနေမယ်။ e-sports powder တွေကို သူတို့ surprise လုပ်ချင်နေတဲ့ဟာ မင်းကဖျက်ဆီးလိုက်တယ်။ e-sport ရဲ့ပရိတ်သတ် မီဒီယာက မင်းကိုခွင့်မလွှတ်ဘူး။ [👨🏻🏫👨🏻🏫👨🏻🏫]

YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...