[Unicode]
Chapter 72 - ခုတ်ရာတခြား... ရှရာတလွဲ
ဒါဟာ ရှန့်ကျားအတွက် professional team တစ်ခု၏ အခြေစိုက်ရာနေရာသို့ ပထမဆုံးရောက်ဖူးတာဖြစ်သော်လည်း သူ့ကြည့်ရတာ ပျော်မနေပါ။
"ကျွန်တော်က VEGE ဆီသွားချင်တာကို ဘာလို့ FRUIT ဆီခေါ်လာတာလဲ"
"မင်း FRUIT ကိုမုန်းလို့လား။ ဒီလူတွေက နောက်ဆုံးတစ်ခေါက်က ရာသီပွဲစဉ်မှာ ချန်ပီယံတွေနော်။ မင်းတစ်ကယ် VEGE ကို join ချင်တယ်ဆိုရင် မင်းတို့ကနောက်ကျ ပြိုင်ဘက်တွေဖြစ်လာမှာပဲ။ ရန်သူက်ုထောက်လှမ်းဖို့ အခွင့်အရေးရတာ မကောင်းဘူးလား။ ကလေးကတော့ ကလေးပါပဲလေ..."
ရှန့်ကျား မျက်စိစွေကြည့်လိုက်သည်။"ဘယ်သူက သုံးပွဲပြိုင်တာ သုံးပွဲလံုးနိုင်တဲ့ကလေးလဲ"
လင်းမုန့် : =_,=
"အခုတော့ မင်းကိုဝံ့ကြွားခွင့်ပေးထားဦးမယ်။ ဒါပေမဲ့ပြီးရင်တော့ ငိုအောင်လုပ်ပစ်မယ်"
"အပြောပဲရှိပြီးတော့များ..."
"ပါးစပ်ပိတ်..."
လူသုံးယောက်အုပ်စုသည် ဒုတိယထပ်ရှိလေ့ကျင့်ရေးခန်းဆီသို့ ဦးတည်ပြီးသွားကြသည်။ မတွေ့ရတာ ကြာပြီဖြစ်သော FRUIT ကစားသမားများသည် လင်းမုန့်ကိုတွေ့ပြီးနောက် ပျော်ရွှင်၀မ်းမြောက်နေကြသည်။
"လီမွန်ဖေဖေ... ဒီရာသီမှာ မင်းသိပ်ပြီး streaming မလုပ်ခဲ့ဘူး"
"နာနတ်သီးလေးရေ... မတွေ့တာကြာပြီ။ ယင်းထောင်... လီကျစ်... ထောပတ်တာ့ကောရော... မင်းတို့ streaming တွေလျှော့ကြည့်ပြီး ဂိမိးပဲအာရုံစိုကိစင့်တယ်"
ရှောင်းကျောက်သည် rank မြင့်မြင့်နှင့် ပြိုင်ပွဲပြီးသွားသည့်နောက် ခုံမှဖြည်းညင်းစွာထလာသည်။
"အားလုံးပဲ မိတ်ဆက်ပေးပါရစေ။ သူကတော့ မင်းဂွတ်သီးနတ်ဘုရားရဲ့ညီ... အာလူးလေးပါ"
"အာလူး.... ဘယ်သူကအာလူးလေးလဲ"
ရှန့်ကျား သူ့ကိုယ်သူ ကာကွယ်သည်။
"အနာဂတ်မှာ VEGE ကိုသွားမယ်ဆိုရင် ဒီလို stage name မျိုး မင်းမှာရှိရမယ်။ မဟုတ်ရင် သူတို့လက်ခံမှာမဟုတ်ဘူး"
ESTÁS LEYENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...