Chapter 60 - မွေးနေ့ဆုတောင်းစကား/မွေးနေ့ဆုတောင်းစကား

604 113 6
                                    

Look at the media and scroll down for ZAWGYICODE.

[Unicode]

Chapter 60 - မွေးနေ့ဆုတောင်းစကား

"ငါ့အသံက ဖျက်ထားတာမဟုတ်ဘူးလို့ ပြောခဲ့သေးတယ်လေ"

ရှန်းကျောက် ပြောလိုက်သည်။ မာလကာသီးအကောင့်နှင့်ကစားတုန်းက လီမွန်က သူ့ကို အသံဖျက်ပြီးပြောနေတာလားဟု ထင်ခဲ့သေးသည်လေ။ ရှန့်ကျူလည်း လင်းမုန့်၏ခေါင်းကို ဖွဖွပွတ်သပ်လိုက်သည်။

"လူတိုင်းရဲ့အဂ်လိပ်စကားပြောက ကောင်းနေတာမဟုတ်ဘူးလေ။ ငါမင်းကို အပြစ်မတင်ပါဘူး"

"ငါအရင်တုန်းက ဖုံးကွယ်ခဲ့တာမဟုတ်ပါဘူး။ မင်းသာမေးခဲ့ရင် ငါပြောခဲ့မှာပေါ့"

"လူလိမ်... ငါရှင်းရှင်းလင်းလင်းကြီး မေးခဲ့သားပဲကို"

"ဘယ်တုန်းကလဲ"

"ငါတို့ကစားခဲ့တဲ့ ပထမဆုံးအကြိမ်တုန်းက"

ရှန်းကျောက် အလေးအနက် စဉ်းစားသည်။

"မမှတ်မိဘူး"

လင်းမုန့် : …. ငါသိနေတယ်လေ။

လင်းမုန့်သည် ရှန်းကျောက်ထံမှ စာအုပ်နှင့်ဘော့ပင်ကိုယူလိုက်သည်။

သူဘာရေးသင့်လဲ။ ရိုးရိုးရှင်းရှင်း သူ့နာမည်ကိုပဲ လက်မှတ်ထိုးပေးလိုက်ရမလား။

ထို့နောက်လင်းမုန့်သည် ဒီနေ့က ရှန်းကျောက်ရဲ့မွေးနေ့ဆိုတာ သတိရသွားပြီး ချရေးလိုက်သည်။

"ငါမာလကာသီးကို..."

သူပြန်စဉ်းစားလိုက်ပြီး မသင့်ဝောာ်ဘူးဟု တွေးမိသည်။

"ဒါနဲ့... ဘယ် ID နဲ့ ရေးပေးသင့်လဲ။ မာလကာသီးလား၊ ငှက်ပျောသီးလား..."

"မင်းကြိုက်တာနဲ့ရေး"

လင်းမုန့်ဆက်ရေးလိုက်သည်။

~~~မာလကာသီးကို ၁၈နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ။ အရွယ်ရောက်ပြီးသူများရဲ့ကမ္ဘာကြီးဆီ စတင်ခြေလှမ်းနိုင်ပြီမို့ ဂုဏ်ယူပါတယ်လို့ ငါ... လီမွန်မှဆုတောင်းပေးပါတယ်~~~

"မွေးနေ့လက်ဆောင်အနေနဲ့ ရိုးလွန်းနေမလား"

လင်းမုန့် ခေါင်းကုတ်လိုက်သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Donde viven las historias. Descúbrelo ahora