Scroll down for ZAWGYICODE.
[Unicode]
Chapter 53 - ရှန့်ကျူက အကွေးကောင်ကြီး
လင်းမုန့်သည် ကိုယ်ပိုင်ကွန်ပျူတာရှိစဉ်ကတည်းက အင်တာနက်ကဖေးသို့ သွားခဲလှသည်။ ထို့ကြောင့်သူသည် သူနှင့်ရင်းနှီးသော အင်တာနက်ကဖေးသို့သွားကာ စုံတွဲကစားခန်းယူရန် စိတ်ကူးရတာဖြစ်သည်။
နက်ဝါ့ခ်စီစဉ်သူကို စုံတွဲကစားခန်းဖွင့်ပေးရန် ရှန့်ကျူမေးချိန်၌ လင်းမုန့်သည် ဟော်တယ်ဧည့်ကြိုဌာနတွင် ဟော်တယ်ခန်းငှားနေကြသည့်နှယ် အလိုအလျောက်ပင် ရှန့်ကျူ၏နောက်၌ ပုန်းရန်ကြိုးစားလေသည်။
စုံတွဲကစားခန်း၏အဆင်အပြင်က လုံး၀ဇိမ်ရှိသည်။ လုင်ငန်းစနစ်၏မြန်နှုန်းသည် လင်းမုန့်၏ကွန်ပျူတာထက် နှစ်ဆဖြစ်ပြီး နက်ဝါ့ခ်မြန်နှုန်းသည်လည်း သူငိုကြွေးမိလောက်အောင် မြန်ဆန်လှသည်။
"တက္ကသိုလ်၀င်းထဲက စုတ်ပြတ်သတ်နေတဲ့ နက်ဝါ့ခ်ကိုသုံးတာကြာတော့ တစ်ကယ့်ကြိုးမဲ့အင်တာနက်က ဘာလဲဆိုတာတောင် မေ့နေခဲ့ပုံပဲ"ယခုတော့ လင်းမုန့်တစ်ယောက် သူ့နက်ဝါ့ခ်နှုန်းသာ ဒီလိုကောင်းနေပါက ထိပ်ဆုံး ၃၀ ထဲ၀င်ရန် ပြဿနာမရှိလောက်ဟု တွေးရဲနေပြီဖြစ်သည်။
"လာမဲ့နှစ်၀က်ကို ငါနဲ့လိုက်နေပါလား"
ရှန့်ကျူ တွေးရင်းပြောလိုက်သည်။
"မင်းနဲ့... လိုက်နေဖို့လား။ ဘာလို့လဲ။ အိပ်ဆောင်မှာမနေတော့ဘူးလား"
ရှန့်ကျူ အကူအညီမဲ့စွာပြန်ဖြေသည်။
"ငါမကြာခင်မှာ စီနီယာတက္ကသိုလ်ဘွဲ့ယူရတော့မယ်ဆိုတာ မသိဘူးလား"
"......"
လင်းမုန့် အပြစ်ကင်းဟန်ဖြင့်ကြည့်နေဆဲပင်။
"အလုပ်မရှာသေးခင် ဘွဲ့လွန်စာမေးပွဲ မဖြေတော့ဘူးလား။ ငါမင်းကို စီနီယာတန်းကျောင်းသားတစ်ယောက်လို့ လုံးဝမတွေးမိခဲ့ဘူး။"
"ငါ့မှာ အလုပ်တစ်ခုရှိပြီးသား။ အဲဒါက... ပြီးခဲ့တဲ့လက Fighting Cat နဲ့ သုံးနှစ်စာချုပ်ချုပ်ခဲ့တာလေ"
အံ့အားသင့်စွာဖြင့် လင်းမုန့်ပြောသည်။
"မင်းက professional anchor ဖြစ်အောင် လုပ်မလို့လား"
![](https://img.wattpad.com/cover/253989643-288-k489307.jpg)
VOCÊ ESTÁ LENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...