အခန်း ၂၃။ ဒီဖေဖေကအစားပုတ်တယ်။ ဘာဖြစ်လဲ။
သူဒီနေ့ဂိမ်းမဆော့ဘူးဟု ကြေငြာခဲ့သောလင်းမုန့်တစ်ယောက် ရှန်းကျူနှင့်ပြိုင်ခဲ့သည့် ဗွီဒီယိုကိုနှစ်ကြိမ်မျှကြည့်ပြီးနောက်မှာ တစ်စုံတစ်ရာလုပ်ချင်စိတ်က ရိုးတိုးရွတဖြစ်လာလေသည်။
အဆုံးသတ်မှာတော့ အခြားသူ၏ black car ကို သူရရှိခဲ့ပြီး သူနှင့်အတူ ပြင်းထန်သည့်တိုက်ပွဲကို တစ်ညလုံးလုံးဆင်နွှဲလေတော့သည်။
နောက်ဆုံးမှာတော့ anchorတစ်ယောက် သတ္တုတူးခြင်းကို ကြည့်ရချိန်၏ ၈၀%ကို သုံးစွဲရန် မလိုလိုက်သည့် water friends များသည် ထို anchor ကို ၂၀၀ကီလိုဂရမ်အလေးချိန်ရှိ ကြောင်ဝကြီးတစ်ကောင်ဖြစ်လာစေန် ဆုံးဖြတ်ထားကြသည့်အလား cat food များ ပစ်ပေးရန် တွန့်တိုမနေကြပါချေ။ (လင်းမုန့်သတ္တုထပ်မတူးတော့တာကြောင့် ၀မ်းသာနေကြသည်။)
stream ပြီးဆုံးခါနီးမှာ ရှန်းကျူထံမှ message ဟာ Penguin app ကိုဖြတ်သန်းကာ လင်းမုန့်ထံသို့ ရောက်ရှိလာသည်။
ရှန်းကျူ[အသင်း]: stream ပြီးရင် သွားရည်စာမုန့်သွားစားမလား။
သည်ညလင်းမုန့်သည် တစ်ဆက်တည်း ငါးပွဲမျှအနိုင်ရရှိခဲ့ပြီး စိတ်လှုပ်ရှားမှုဟာ ပျောက်ကွယ်မသွားသေးပေ။ ပို့လိုက်သည့် ဖိတ်ခေါ်စာကို လက်ခံကာသဘောတူလိုက်သည်။
လီမွန် : ကောင်းပြီ။ ငါမင်းကိုပြုစုမယ်။
messageပို့ပြီးနောက် Penguin notesများကို ယခင်တံခွန်စိုက်ပြိုင်ပွဲမှ ဖန်တီးဆဲဖြစ်ကြောင်း ရှန်းကျူသဘောပေါက်လိုက်သည်။ သည်တော့ သူ့nickname ကို 'Porn Anchor' ဟုပြောင်းလိုက်သည်။
Porn Anchor : ငါမင်းကိုလာရှာရမလား။
လီမွန် : ဟင့်အင်း အဆောင်အ၀မှာတွေ့ကြမယ်။
ရန်ရှန်းတက္ကသိုလ် မြောက်ဘက်ဂိတ်အပြင်ဘက်ရှိ သွားရည်စာမုန့်လမ်းသည် ညနေ နေ၀င်ရီတရောအချိန်ကျော်သွားပါက အသက်ဝင်လှုပ်ရှားဆုံး၊ အစည်ကားဆုံးဖြစ်သည်။ {note-ညဈေးတန်းဆိုပါတော့}

ESTÁS LEYENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...