အခန်း ၃၄+ ၃၅ အရှက်နဲ့အသက်ကိုလဲပစ်လိုက်မယ်

746 116 5
                                    

အခန်း ၃၄+ ၃၅ အရှက်နဲ့အသက်ကိုလဲပစ်လိုက်မယ်

Chapter 34

ယနေ့ ဖိုရမ်သည် တစ်ဦးချင်းစီတိုင်းကြောင့် သက်၀င်လှုပ်ရှားနေသည်။ အချို့သောပို့စ်များသည် ထပ်တလဲလဲဖြင့် ပြန်တက်လာပြီး အချိန်အတော်ကြာ နစ်မြုပ်မသွားပေ။

[ဗွီဒီယို][လီမွန် တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံချက်] မင်းဂွတ်သီး Vs မာလကာသီးပြိုင်ပွဲဗွီဒီယို

[ဆွေးနွေးခြင်း] မှော်ဆန်တဲ့အကောင့်သေး မာလကာသီးရဲ့ ID အစစ်အကြာင်းမှန်းဆကြမယ်။

[အတင်းအဖျင်း] သာမန်ကစားသမားလေးနဲ့ဆုံခဲ့တဲ့ မင်းဂွတ်သီးနတ်ဘုရား။ သူငါ့ကိုအနိုင်ယူပြီးသွားတော့ ဒီစကားစုပြောသွားတယ်။

လီမွန်ဖေဖေ၏အသံလွှင့်ခန်းထဲတွင် လင်းမုန့်တစ်ယောက် မနေ့က သူ့လက်သရမ်းခဲ့ခြင်း၏ တန်ဖိုးကို ပေးဆပ်နေရပြီဖြစ်သည်။ ထောင်ပေါင်းများစွာသော ဂိမ်းပွဲများကိုဖြတ်သန်း ဖြစ်တည်လာခဲ့သောအကျင့်သည် ပြောင်းလဲရန်မလွယ်ကူပေ။

သည်အချိန် screenshot ၏အကြောင်းရင်းအခြေအနေကို ဖိုရမ်ပေါ်တွင် ရှင်းပြရန်ကြိုးစားရာ အကျိုးဆက်အနေဖြင့် တစ်သိန်းသော water friend များကြောင့် သူအဆက်မပြတ် ထုနှက်ခံရကာ ပန်းပဲ့ဒဏ်ရာများ ရနေလေပြီ။

"လွန်ခဲ့တဲ့ညက မင်းဂွတ်သီးနတ််ဘုရားရဲ့အကောင့်နဲ့ တစ်မူထူးထူးခြားလေးလုပ်ချင်ခဲ့တယ်။ ဒါကရိုးရှင်းတဲ့ကိစ္စတစ်ခုပါ။ မင်းတို့တွေးနေကြသလိုမဟုတ်ပါဘူး။ ငါက အတွေ့အကြုံလိုချင်ရုံပါကွာ။ သူကအခုအဆင့်၂၅၊ ငါက ၂၀၅မှာလေ။ သုညတစ်ခုရဲ့ ခြားနားချက်က လူတစ်ယောက်လုံးကို ထက်မြက်အောင် လုပ်ပေးနိုင်မလားဆိုတာကို စမ်းသပ်ကြည့်ချင်လို့လေ။ မင်းတို့အားလုံးတွေးနေကြသလို ညစ်ညမ်းတဲ့ကိစ္စမဟုတ်ဘူး။ ဖေဖေက သန့်ရှင်းစင်ကြယ်တဲ့ stream anchor တစ်ယောက်ကွ။ အသံလွှင့်တာကို အတူတူပိတ်ကြမလား။ စိတ်သဘောထား မတိုက်ဆိုင်ဘူးဆိုရင်လည်း ငါပဲအရင်ပိတ်တာပေါ့"

water friends များသည် သည်ကိစ္စအပေါ်တွင် ခေါင်းမာစွာဖြင့် တွယ်ဖက်ထားကြတုန်းပင်။ ထို့ကြောင့် လင်းမုန့်သည် ခေါင်းစဉ်ပြောင်းရန်သာ ကြိုးစားနိုင်တော့သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now