အခန်း ၄၀+၄၁။ လီမွန်ဖေဖေ = မင်းသမီးလေးလိုပွေ့ချီခံရသူ
ရှန့်ကျူ၏အတန်းဖော် ဟုန်မော့တန်သည် သရက်သီးပုံးများကိုရွှေ့လာရင်း လက်ထဲတွင် ဘာမျှမကျန်တော့သည့် ရှန့်ကျူနှင့်လင်းမုန့်ကို ကြည့်လာသည်။ သူတို့လက်ထဲက ကူပွန်တွေ မြန်မြန်ကုန်သွားတာ အံ့ဩစရာတော့မရှိပါဘူး။
“ဟေး... လီမွန်ဖေဖေ”
ရှန့်ကျူရဲ့သူငယ်ချင်းဟာ ဤနာမည်ကျော်အင်တာနက်ဆယ်လီကြီး လင်းမုန့်ကို မမှတ်မိဘဲမနေ။ ထို့ပြင် အကွာအဝေး အနည်းငယ်မှနေ၍ပင် လှမ်းနောက်ပြောင်လေသည်။
လင်းမုန့်ဟာ သူခေါ်တာကို မကြားသယောင်နေလိုက်ပြီး ရှေ့ကိုသာဆက်လျှောက်လိုက်သည်။ ဟုန်မော့တန် သူ့ကိုထပ်အော်ခေါ်သည်။
“လီမွန်ဖေဖေရေ သရက်သီးနို့ဒိန်ချဉ်စားချင်လား”
လင်းမုန့် ချက်ချင်း ခေါင်းပြန်လှည့်ကြည့်လိုက်သည်။
“တစ်ကယ်ကျွေးမှာလား”
“ဒါပေါ့။ ပွဲအကြီးကြီးကိုပြင်ပေးဦးမှာ”
“ရှယ်ပဲ။ သရက်သီးနို့ဒိန်ချဉ်က ငါ့ favorite လေ”
နောက်ကွယ်မှာတော့ ရှန့်ကျူသည် သူ့သူငယ်ချင်းကို ရင်းရင်းနှီးနှီးသတိပေးလိုက်သည်။
“အေးအေးဆေးဆေးလုပ်။ သူက ငါတို့ဆိုင် ပြောင်သလင်းခါအောင် စားမဲ့သူ”
သရက်သီးအရသာက ချိုမြိန်သည်။ ဒိန်ချဉ်အရသာ၊ ဖရဲသီးနှစ်မျိုး၏အရသာနှင့် သာကူစေ့လေးများပါ ရောယှက်နေသည်။ လင်းမုန့်ဟာ စားနေစဉ်တစ်လျှောက်လုံး ချီးမွမ်းခန်းလည်း ဖွင့်ဖို့မမေ့ပါ။
“တစ်ကယ်အရသာရှိတယ်။ မင်းလည်းမြည်းကြည့်သင့်တယ်နော်”သူဟာ သရက်သီးပုံးတစ်ပုံးကို နေရာချရန် ဟုန်မော့တန်ကို ကူညီနေသည့် ရှန့်ကျူကို အကြံပေးလိုက်သည်။ ထို့နောက် ရှန့်ကျူသည် ခေါင်းကိုနှိမ့်လိုက်ပြီး ပါးစပ်ဟကာ လင်းမုန့်ကိုင်ထားသော ဇွန်းထဲမှ သရက်သီးဖတ်ကို စားပစ်လိုက်သည်။
“အင်း... အရသာရှိတယ်”
လင်းမုန့် : "…"
သူဆိုလိုသည်က နောက်တစ်ပန်းကန်နှင့် စားရန်ဖြစ်သည်။ သူ့ဇွန်းထဲကနေ တိုက်ရိုက်ကြီး စားသွားမည်ဟု မထင်မိခဲ့။ သူများစားလက်စကြီးကို သူမရွံဘူးလားမသိ။ အခုတော့ လင်းမုန့်ဦးနှောက်ခြောက်ရပြီ။
ŞİMDİ OKUDUĞUN
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romantizmလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...