Chapter 83 - ဇာတ်သိမ်း / ဇာတ္သိမ္း

1.4K 116 7
                                    

[Unicode]

Chapter 83 - ဇာတ်သိမ်း

ဆုပေးပွဲသည် အောင်မြင်စွာပြီးဆုံးသွားသည်။ နောက်တစ်နေ့မှာ ရန်ရှန်းတက္ကသိုလ်၏ စာသင်နှစ်၀က်ကို ဖွင့်လေပြီ။

မနက်စောစောမှာတော့ ရှန့်ကျူသည် အိပ်ယာထဲမှလင်းမုန့်ကို တစ်၀က်သယ်၊ တစ်၀က်တရွတ်တိုက်ဆွဲကာ အိပ်ခန်းအပြင်သို့ ဆွဲခေါ်လာသည်။

"အိပ်ချင်သေးတယ်"

လင်းမုန့် မကျေမနပ်ညည်းညူသည်။

"ရထားပေါ်မှာအိပ်လို့ရတယ်လေ။ အတန်းတက်ရမဲ့ ပထမဆုံးနေ့ကို မပျက်ချင်ဘူးမလား"

လင်းမုန့်သမ်းဝေလိုက်သည်။ ရှန့်ကျူနောက်လိုက်ကာ အခန်းနီးနားချင်းများ၊  စုံတွဲတစ်တွဲနှင့်အတူ ဓာတ်လှေကားထဲလိုက်၀င်လိုက်သည်။

လင်းမုန့်သည် ဓာတ်လှေကားနံရံမှ အထပ်နံပါတ်များကို ဗလာမျက်၀န်းများဖြင့်ကြည့်ရင်း ကျောင်း၀တ်စုံကိုဆွဲချနေသည်။

ဒီအခန်းနီးနားချင်းများက တစ်ယောက်နှင့်တစ်ယောက် သိကြပုံပေါ်သည်။ တစ်လျှောက်လုံးစကားတွေ ပြောလာကြသည်။

"ငါတို့ကွန်ဒိုမှာ ကလေးတင်ပါးကိုရိုက်ပြီး ဆုံးမတဲ့သူ ရှိနေတာလားမသိဘူး"

"ဟယ်... တစ်ကယ်လား..."

"ညတုန်းက ငါကြားမိတာတော့ တဖြန်းဖြန်းရိုက်သံရယ် ကလေးကငိုရင်းနဲ့ ဒယ်ဒီလို့အော်သံရယ် ကြားမိသလိုပဲ"

ဓာတ်လှေကား၏ထောင့်စွန်းလေးတွင် လင်းမုန့်တစ်ယောက် မျက်နှာနီရဲနေကာ ရှန့်ကျူ၏နောက်၌ ပုန်းနေသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ဘယ်သူမှသူ့ကို သတိမထားမိပါ။

ရှန့်ကျူသည် သူ့ကိုယ်ဖြင့် လင်းမုန့်ကိုကာပေးထားကာ ရယ်ချင်နေသောစိတ်ကိုချုပ်တီးပြီး ပါးစက်ရှေ့တွင် လက်သီးဖြင့်ကာထားပြီး ချောင်းဆိုးဟန်ဆောင်လေသည်။

စိတ်ဆိုးနေသော လင်းမုန့်သည် ဓာတ်လှေကားထဲမှထွက်ချိန်၌ ဘေးဘီဝဲယာကိုကြည့်ကာ ဘယ်သူမှမရှိတာသေချာမှ ရှန့်ကျူဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Hikayelerin yaşadığı yer. Şimdi keşfedin