Scroll down for ZAWGYICODE.
[Unicode]
Media က fanart လေး ကြည့်ဖို့ မမေ့နဲ့နော်။
Chapter 57/1 - ဖေဖေ့ထိရင် မီးပွင့်သွားမယ်
ဌာန၏အလှပန်းလေးသည် လင်းမုန့်ကို နောက်တစ်ကြိမ် လာရှာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ မကြာသေးမီက ဘွဲ့ယူပြီးသော ကျောင်းသူဟောင်းများထဲမှ တစ်ယောက်(ရှုကျဲ)အတွက် အကူအညီတောင်းပေးရန်လာတာဖြစ်သည်။
သူမသည် အဆာပြေသွားရည်စာမုန့်ရောင်းသောလမ်းရှိ ဇွန်လခြောက်ရက်နေ့တွင် ဖွင့်လှစ်သော ကိတ်မုန့်ဆိုင်နှင့်အတူ အမှီအခိုကင်းသော စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ခဲ့ပြီဖြစ်သည်။
သူမသည် ယဉ်ကျေးမှုပွဲတော်တွင် ကျော်ကြားခဲ့သော 'လီမွန်ဖျော်ရည်ကိုကို'နှင့် 'သရက်သီးနို့ဒိန်ချဉ်ကိုကို'တို့ကို ဖွင့်ပွဲနေ့အတွက် ထိုလမ်းထဲတွင် ကြေငြာရန် ဖိတ်ကြားချင်သည်။
လင်းမုန့်သည် ကူညီမှုအတွက်ဆုကြေးမှာ ဆိုင်ရှင်ဆီမှ လက်ဆောင်ကတ်တစ်ခုဖြစ်ကြောင်း ကြယးလိုက်သည်နှင့် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
ရှန့်ကျူသည်လညိး ထိုကျောင်းသူဟောင်းနှင့် ဖုန်းပြောချင်သည်ဟု ပြောခဲ့ပြီး သူမနှင့်တစ်စုံတစ်ရာ တီးတိုးကြံစည်တိုင်ပင်ပြီးနောက် သဘောတူလိုက်သည်။
*********
"ဒီလိုဟာကို၀တ်ဖို့ မင်းဘယ်လိုများ ထောက်ခံအားပေးလိုက်တာလဲ"
အ၀တ်လဲခန်းတွင် လင်းမုန့်သည် apron ဆန်ဆန်၀တ်စုံကို ကြည့်ကာ စိတ်ရှုပ်ထွေးနေမိသည်။
"ငါကူညီပေးမယ်"
လင်းမုန့်လှည့်ကြည့်လိုက်ရာ ကောင်းစွာ၀တ်ဆင်ပြီးသော ရှန့်ကျုကို တွေ့လိုက်ရသည်။ သူကတော့ တစ်ကယ့်ကို ဒီလို၀တ်စုံ၀တ်ရာ၌ အစွမ်းအစရှိပါသည်။
အပေါ်မှထပ်၀တ်သည့် အဖြူရောင်စားဖိုမှူး၀တ်စုံနှင့် နောက်ခံမှန်တံခါးပါပေါင်းထည့်လိုက်ပါက မိနစ်အနည်းငယ်အတွင်းမှာပင် အဆင့်မြင့် cake artist တစ်ယောက် ဖြစ်သွားပေမည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...