[Unicode]
Chapter 68 - ဖောဖောလား။ ကျန့်မူလား။
— နာမည်ကျော် anchor တစ်ယောက်... ပရိတ်သတ်ကို လှည့်ဖျားနေပါတယ်။ အပေါ်ယံမှာပဲ *ခွဲနေပြီး ကောင်းကင်ဘုံရောက်သလိုလုပ်နေပါတယ်ဗျို့။
{*ခွဲနေသည် (分居): ခင်ပွန်းနှင့်ဇနီး သီးသန့်ခွဲနေခြင်း}
လင်းမုန့်သည် "မင်းတို့ကောင်လေးတွေ ဂိမ်းကစားတာတော်တော်လေးကောင်းတယ်" ဆိုသည့်ကိစ္စဖြစ်ပြီးနောက် မင်းဂွတ်သီးတိုင်းပြည်မှလူများ၏ ဘာသာစကားစွမ်းရည်လျော့နည်းမှုအကြောင်း တစ်ခါထပ်ပြီး သဘောပေါက်သွားသည်။
ရက်အနည်းငယ်ကုန်လွန်သွားသည့်တိုင် မင်းဂွတ်သီးနတ်ဘုရား၏ broadcast room သည် ဒီတစ်ချက်တည်းဖြင့် စိုးမိုးခံထားရလေသည်။
ထိုနေ့က ထုတ်လွှင့်မှုကို မမီလိုက်သော water friend များသည် ဒီလိုအချိန်ကာလကို
ဤကဲ့သို့ ရှုံ့ချခြင်း၏ အပြစ်တင်ခံရမှုကြောင့် ဘူတာ B သို့ အမြန်သွားကာ သမိုင်းကို အမီလိုက်ပြီး မရိုးသားသော anchor ကို ဆန့်ကျင်သည့် ခရူးဆိတ်စစ်ပွဲတွင် ပါ၀င်ရန်အတွက် စစ်တပ်ထဲဝင်ရန် လှည့်ပြန်လာကြလေသည်။
လင်းမုန့်တစ်ယောက် အစပိုင်းမှာ သေနေသလို နေခဲ့သော်လည်း ဒီနည်းလမ်းနဲ့ အရှုပ်အထွေးကို ရှင်းမရတာကြောင့် ထွက်လာပြီး ရှင်းလင်းရတော့သည်။
"ငါတို့ ပရိတ်သတ်ကို တစ်ကယ်မလိမ်ခဲ့ပါဘူး။ ပိတ်ရက်မှာအိမ်ပြန်လာတာ။ အင်း... အိမ်မှာရက်နည်းနည်းလောက် နေဖို့လေ"
"မမျှော်လင့်ထားတာက... ဒီကိစ္စကို ဘယ်သူမှခန့်မှန်းမိမယ်မထင်ဘူး။ ငါ့မယ်တော်မိဖုရားကြီးရဲ့အတွေးက အရမ်းကိုတိကျတာလေ။ ငါအဆင်ပြေပါတယ်။ အာ... ဘာကိုဆိုလိုတာလဲ။ အပေါ်ယံမှာပဲခွဲနေတယ်တဲ့လား။ ငါတို့က အတူမနေသေးပါဘူး။"
"ငါ့အိမ်ကကွန်ပျူတာမှာ တစ်ကယ်ကင်မရာမပါတာ။ တမင်မဖွင့်တာမဟုတ်ပါဘူး။ ကင်မရာမဖွင့်ဘဲ ပေါက်ကရတွေလုပ်နေတာလည်း မဟုတ်ပါဘူး။ မင်းတို့ငါနဲ့မင်းဂွတ်သီးနတ်ဘုရားကို မယုံရင်တောင် ငါကသန့်ရှင်းစင်ကြယ်ပြီး လေးနက်တဲ့ stream anchor ဖြစ်နေတုန်းပဲလေ။ ဟုတ်ပါပြီ။ ငါက *CHUO... ငါကတစ်ကယ် CHOU ပဲ။ ဖေဖေ့ကိုခွင့်လွှတ်ကြပါတော့ဟ...."
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...