အခန်း ၄၉။ မင်းဂွတ်သီးနဲ့ ပန်းသီးလေးဆိုတာက လူတစ်ယောက်ထဲတဲ့။
@မင်းဂွတ်သီး: @လီမွန် ညတုန်းက ရုတ်တရက် အူအတက်ရောင်လို့ ခွဲစိတ်ဖို့အတွက် ကျောင်းဆေးရုံကို ပို့လိုက်ရတယ်။ အခုဝောာ့ သူအဆင်ပြေသွားပါပြီ။ သူ့ပရိတ်သတ်တွေကို 'စိုးရိမ်စေမိလို့ တောင်းပန်ပါတယ်'လို့ ပြောပေးပါဆိုပြီး ငါ့ကိုအပ်သွားတယ်။
— @ပရိတ်သတ်A: မုန့်မုန့် အဆင်ပြေသွားပြီပဲ။
— @ပရိတ်သတ်B: သနားစရာမုန့်မုန့်... သူခွဲစိတ်ပြီးပြီဆိုတော့ အမြန်ဆုံးနေကောင်းသွားပါစေလို့ ဆုတောင်းပါတယ်။
— @ပရိတ်သတ်C: ငါ့မိသားစုက မုန့်မုန့်ကို သေချာလေး ဂရုစိုက်ပေးပါဦး။
— @ပရိတ်သတ်D: အခုမုန့်မုန့်အဆင်ပြေသွားပြီဆိုတော့ သိချင်တာလေးမေးပါရစေ။ သရက်သီးနို့ဒိန်ချဉ်ကိုကိုရေ... မင်းကဘာလို့ အဲဒီ့ကိုရောက်လာခဲ့ဝာာလဲ။ [😊😊😊]
— @ပရိတ်သတ်E: ငါ့အချစ်လေးနဲ့ငါ တိုက်ခိုကိခဲ့ရသေးတယ်ဆိုတာ မင်းသိရဲ့လား။ ဘာလို့ဆို ငါကမင်းဂွတ်သီးကိုသဘောကျပြီး သူမကတော့ ပန်းသီးလေးရဲ့ဘက်တော်သားလေ။ အခုတော့ မင်းပြောလိုက်တာ သူတို့နှစ်ယောက်က တစ်မိသားစုတည်းတဲ့လား။ [😥😥😥]
— @ပရိတ်သတ်F: မင်းဂွတ်သီးနတ်ဘုရားက အသံချိုချိုနဲ့ ဖက်တီးလေးလို့တွေးထားတာ။ Facecam ကို ဘာလို့မဖွင့်တာလဲ။ မင်းရဲ့မရိုးသားမှုကြောင့် အသံနဲ့ထိန်းချုပ်ခံရတဲ့ ပရိတ်သတ်အဖြစ်ကနေ ငါထွက်မယ်။ ဒီနေ့ကစပြီး ငါက မင်းရဲ့ face-con ပရိတ်သတ်ပဲ။ [😂😂😂]
— @ပရိတ်သတ်G:ငါဂရုမစိုက်ဘူး။ ငါပန်းသီးလေးနဲ့ မင်းဂွတ်သီးတို့ရဲ့ 1V1 ကိုကြည့်ချင်တယ်။ မင်းငါ့ကိုမပြဘူးဆိုရင် ငါပေါက်ကွဲမိလိမ့်မယ်။
*****
လင်းမုန့်သည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရင်း ရှန့်ကျူ၏ဖုန်းဖြင့် Weiboသုံးနေသည်။ သူ့ဖုန်းက သူ့အခန်းမှာ ကျန်ခဲ့တာကြောင့်ဖြစ်သည်။ comment များမှာ သူ့ကိုဂရုစိုက်သူများ ချန်ရစ်ခဲ့ကြခြင်းဖြစ်သော်လည်း သူ့ကိုမပျော်ရွှင်စေနိုင်ပေ။

STAI LEGGENDO
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Storie d'amoreလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...