ကြိုတင်ရှင်းလင်းချက်။
ပြောချင်တာတစ်ခုရှိပါတယ်...မင်းဂွတ်သီးက မြန်မာနိုင်ငံကသူတွေလို ရုပ်ပေါ်တဲ့ Game Live streaming မျိုးမဟုတ်ဘဲ live stream anchor ပါ။ သူက အသံပဲပါပြီး သူကစားတာကိုပဲ ပြတာပါ။ တစ်နည်းအားဖြင့် ရုပ်မမြင်အသံကြားပါ။
-----------Chapter 3
နောက်တစ်နေ့မှာတော့ မင်းဂွတ်သီးနဲ့လီမွန်သီးတို့ရဲ့ ပြိုင်ပွဲဗီဒီယိုဟာ အင်တာနက်တစ်ခွင် ပြဲပြဲစင်နေခဲ့ပြီး စပ်စုစိန်လေး လင်းမုန့်တစ်ယောက် Bilibili ကိုသွားခဲ့ပြီး ထိုဗီဒီယိုကို ထပ်ခါထပ်ခါပြန်ကြည့်နေတော့သည်။
မင်းဂွတ်သီးနတ်ဘုရား၏အသံ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတွေကစပြီးတော့ screen ကိုလျက်ကြတော့သည်။ *လျက် လျက် လျက်*
"စိတ်မကောင်းပါဘူး။ အခုစာသင် နှစ်ဝက်က အရမ်းအလုပ်ရှုပ်နေလို့ပါ။ ကျွန်တော်လည်း အရည်အချင်းပြည့်၀တဲ့ ပြိုင်ပွဲကောင်းတွေကို နည်းနည်းပကြစားရပြီး တိုက်ရိုက်ထုတ်လွှင့်နိုင်ရုံလေးဖြစ်နေတယ်။ ဒါ့ကြောင့် ကျွန်တော် ဒီနေ့အားလပ်ရက်ကိုကောင်းကောင်းအသုံးချပြီး နေ့စဉ်ကစားပွဲလေးကိုဆော့လိုက်တာပါ။ ဒါပေမဲ့ ကျွန်တော့်တိုက်ပွဲစကေးက အရမ်းမမြင့်တော့ အားလုံးပဲစိတ်မပျက်ကြစေဖို့မျှော်လင့်ပါတယ်"
လင်းမုန့်တစ်ယောက် စားပွဲခုံကိုရိုက်ချိုးချင်စိတ်တောင် ပေါက်သွားသည်။
ဘယ်လောက်ပဲ စိန်ကြယ်ပွင့်အဆင့်က ကြယ်တာရာနတ်ဘုရားအဆင့်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုဆို အနည်းဆုံးတော့ သူကဒုတိယအဆင့်မှာ ရှိပါသေးသည်။
လူတော်တော်များများက ဒီအဆင့်ကိုရောက်ချင်လို့တောင် မရောက်နိုင်ကြဘူး။ ဒီမင်းဂွတ်သီးနတ်ဘုရားက ဘယ်လိုကြောင့် အားလုံးကို အေးစက်စက်၀န်ထုပ်၀န်ပိုးတစ်ခု ပေးနိုင်ရတာလဲ။
အချိန်ခဏလောက်စောင့်ပြီးသည့်အခါမှာတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်က တိုက်ပွဲစစ်မျက်နှာထက်မှာ ထင်းလင်းစွာပေါ်လာသည်။
"ပထမဆုံးပွဲစဉ်ကတော့လာပြီ"
သူပဲစိတ်ထင်လို့လားတော့ မသိပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ မင်းဂွတ်သီးနတ်ဘုရားကနူးနူးညံ့ညံ့လေး ရယ်လိုက်သလိုပင်။ လင်းမုန့်က နားကြပ်တပ်ထားတာကြောင့် တခြားလူတစ်ယောက်ရဲ့အသံလေးက သူ့နားထဲမှာအသက်ရှူနေသလိုလို။
VOUS LISEZ
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Roman d'amourလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...