အခန်း ၄၂-၃။ ဖေဖေက ပန်းသီးလေးကဘယ်သူဆိုတာ သိနေတာလား။

637 107 6
                                    

အခန်း ၄၂-၃။   ဖေဖေက ပန်းသီးလေးကဘယ်သူဆိုတာ သိနေတာလား။

နာနတ်သီးသည် အနှောင့်အယှက်ကင်းကင်းဖြင့် လှလှပပကြီး ပြန်လည်နာလည်ထူမည်ကြံသည့်တိုင် ယခင်ကမတွေ့ခဲ့သော ပန်းသီးလေး၏ စစ်သည်များနှင့် ၀င်တိုးတော့သည်။

လီမွန်၏ကျန်ရှိသော စစ်သည်များကလည်း စတင်၍ပြန်လည်တိုက်ခိုက်လေပြီ။ တစ်ဖက်အဖွဲ့ကို နှစ်ဦးသား အတွဲညီညီတိုက်ကြရာ အနိုင်ရရန်အလွယ်လေးပင်။

"ကြည့်လိုက်စမ်းပါ။ ဖေဖေ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ မတွေ့ရဘူးလား"

ဒီလိုအချိန်မှာပင် လင်းမုန့်ဟာ သူ့ကိုယ်သူ ကြွားဝါရန်မမေ့ပါချေ။

— ဖေဖေက အလိမ်အညာအတွက် တာဝန်ရှိတယ်။ အသင်းဖော်တွေ ကိုယ်တိုင် သင်ယူကြပါ။

[စကြ၀ဠာ] [အာဏာကန့်သတ်နယ်မြေ] နာနတ်သီး : လီမွန်ဖေဖေရေ... ငါ့ကိုတစ်ခါလောက် လူပြန်စုခွင့်ပေးပါဦးလားကွာ။ [QAQ]

[စကြ၀ဠာ] [အင်ပါယာ] လီမွန် : ငါ့ပန်းသီးလေးက မင်းထက်သေးပေမဲ့ ညှိနှိုင်းဖို့လွယ်တဲ့သူ‌တော့ မဟုတ်ဘူးကွ။

"ငါတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ"

ကွန်ပျူတာရှေ့၌ ၀မ်းနည်းနေသော ပေါ်လော့သည် အဖွဲ့၏ ဒုတိယခေါင်းဆောင်ဆီ ဦးတည်ရင်း ညည်းညူလိုက်သည်။ ယင်းထောင်ကတော့ လှည့်မကြည့်ဘဲ ထပ်၍သိမ်ငယ်အောင် လုပ်ပစ်လိုက်သည်။

"ဂရုစိုက်... အဲဒီ့ပန်းသီးလေးက ညှိနှိုင်းရလွယ်တဲ့သူမျိုးမဟုတ်ဘူး"

"ဒီနေ့ခေတ်မှာ လူတွေကိုလှည့်စားဖို့ အကောင့်သေးတွေသုံးတာ ခေတ်စားနေတဲ့ဟာ ဝူးဝူးဝူးဝူး..."

"ငါတို့စိတ်ကြီး၀င်ခဲ့မိလို့ အထိနာတာပဲ"

လီကျစ်က သုံးသပ်အကြံပြုသည်။

"လမ်းအတိုင်းသွားပြီး စွန့်စားလိုက်ရမလား"

"သေသွားချင်လို့လား"

ယင်းထောင် သဘောမတူပါ။

"လီမွန်ဖေဖေ့ရဲ့ လွတ်နေတဲ့အခြေစိုက်စခန်းဆီ စထွက်တော့"

**********

"ငါ့ကိုလုပ်ကြံဖို့ဆို သူတို့တွေ လမ်းပေါ်ထွက်လာသင့်တယ်"

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now