အခန်း ၂၉။ ဒါကမင်းဂွတ်သီးရဲ့ သူ့ဘေဘီလေးအတွက် စိန်ခေါ်ပွဲပဲ။
@မင်းဂွတ်သီး: 'မာလကာသီး'ဆိုတဲ့ ဒီသူငယ်ချင်းကို သိတဲ့သူရှိရင် ငါ့ကိုပြောပေးပါ။ သူ့တိုက်ခိုက်နိုင်စွမ်းကို ငါအရမ်းလေးစားလို့ သူ့ဆီကအကြံဉာဏ်လေးဘာလေးတောင်းဖို့ အခွင့်အရေးလေးများရနိုင်မလားလို့။ ကျေးဇူးပါ။
[မာလကာသီး၏gameထဲမှ အချက်အလက်များ screenshotပုံ .jpg]
- @ပရိတ်သတ်A: ဒါကဘာလဲ။ မင်းဂွတ်သီးနတ်ဘုရားက ပေါ်တင်ကို စိန်ခေါ်စာပို့နေတာလား။
- @ပရိတ်သတ်B: ဒီလူ့ရဲ့မှတ်တမ်းကို ငါသွားပြီးစစ်ဆေးလာတာ ၅၇ပွဲဆက်တိုက်အနိုင်၊ ရှုံးပွဲမရှိတဲ့။ ဒီလူကတော့ စစ်သူကြီးချန်ရှန့်ပါပဲကွာ။ [ကစားသမား 'မာလကာသီး'ရဲ့ သမိုင်း၀င်မှတ်တမ်းပုံ.jpg]
//စစ်သူကြီးချန်ရှန့် (常胜将军)ဆိုတာက ချင်မင်းဆက်ခေတ်က မဟာဗျူဟာတွေ၊ စီမံချက်တွေချရာမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး လက်တွေ့တိုက်ပွဲတွေမှာလည်း ပွဲတိုင်းအနိုင်ရရှိခဲ့တဲ့ အရာရှိတစ်ယောက်ပါ။//
- @ပရိတ်သတ်C: ဒါက အကောင့်သေးဖြစ်ရမယ်။ ဒါပေမယ့် ဘယ်သူ့ဟာလဲငါမသိ။
- @ပရိတ်သတ်D: မင်းဂွတ်သီးနတ်ဘုရား Vs မှော်ဆန်တဲ့အကောင့်သေးနတ်ဘုရား။ နည်းနည်းလေးဆက်ပြီး စောင့်ကြည့်ကြတာပေါ့။
- @ပရိတ်သတ်J: အဲဒီ့ IDရဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲက ဒီမနက်ကပဲဟ။ လီမွန်ဖေဖေနဲ့ကစားခဲ့တာ။ ပြီးတော့အဲဒါက အရမ်းကြီးမားတဲ့အောင်မြင်မှုပဲ။
- @ပရိတ်သတ်K: ဒီတော့ ဒါကလီမွန်ဖေဖေရဲ့ ၀မ်းနည်းစရာKOဖြစ်ပြီး အသတ်ခံရခြင်းပဲပေါ့လေ။ ပြီးတော့ မင်းဂွတ်သီးနတ်ဘုရားက သူ့ဘက်ကရပ်တည်ချင်တာပေါ့။ ဟုတ်တယ်မလား။
- @ပရိတ်သတ်L: မင်းဂွတ်သီးနတ်ဘုရားက သူ့ဘေဘီရဲ့နှလုံးသားလေး ခံစားနေရတာကိုသိပြီး ကာကွယ်ပေးနေတာပဲ။ ဒါပေမယ့် ငါကတော့ အိုး.... သူနိုင်လိမ့်မယ်လို့တော့ အခိုင်အမာမယုံကြည်ဘူး။
____________
၂၄နာရီကြာပြီးနောက် မကြာခင်ကမှဖွင့်ထားသော account တစ်ခုက Weibo post ကို သည်လိုစာပြန်သည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...