အခန်း ၁၈။ လီမွန်ကအဝါရောင်မဟုတ်တော့ဘူး~ချင်နိုင်ငံတော်ကြီးပျက်စီးသွားခဲ့ပြီ
______________________
လင်းမုန့် တိုက်ရိုက်ထုတ်လွှင့်တာနဲ့ပတ်သတ်ပြီးတစ်ခုပဲပြောနိုင်တော့သည်။
"တိုက်ရိုက်ထုတ်လွှင့်တာကမလွယ်ဘူး ဒီဖေဖေရဲ့အိမ်ကိုပြန်သွားတာပဲကောင်းတယ်"
သန်မာတဲ့ဒီဖေဖေရဲ့အော်ရာတွေ ကိုယ်ဟန်တွေရောင်ပြန်ဟပ်နေတဲ့နေရာလေး။
တိုက်ရိုက်ထုတ်လွှင့်မှုမပြီးသေးခင်မှာပဲ ယူနီဖောင်းကို သေသပ်စွာ၀တ်ထားတဲ့လူတစ်အုပ်စုက ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ကြသည်။
_မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်ကောင်းတယ်~
သေချာတာပေါ့။ဒီကောင်တွေကသေချာပေါက်ကိုအဖျက်ကောင်တွေပင်။
_ငါတို့ကောင်တွေဂိမ်းကစားတာတော်တော်ကောင်းတယ်!
ဒီမကောင်းဆိုးဝါးပြင်းအားတွေက မနေ့ကတိုက်ပွဲမှာကတည်းက ပေါ်ထွက်လာခဲ့တာပဲ။
_ဘေဘီ~ကိုယ်တို့ကောင်တွေဂိမ်းကစားတာအရမ်းကောင်းတယ်မလား?
လင်းမုန့် ရန်သူရဲ့ဒီစကားကိုဖတ်ပြီးတဲ့အချိန်မှာတော့ သူ ဒီ'ကောင်လေးတွေဂိမ်းကစားတာတော်တော်ကောင်းတယ်'ဆိုတဲ့စကားကိုအတော်လေးထိတ်လန့်နေမိပြီဆိုတာ သိလိုက်သည်။
"မင်းနေတိုင်းတူညီတဲ့စာကြောင်းနဲ့ တိုက်ခိုက်နေရတာမပျင်းဘူးလား တခြားတစ်ခုခုကို ပြောင်းသုံးကြည့်ပါလား"
လင်းမုန့်ရဲ့အသံလေးက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲ ပျံ့လွင့်လာချိန်မှာတော့ Chatတစ်ခုလုံး ပူလောင်စိတ်လှုပ်ရှားလာပြီး မြူးကြွနေသောစိတ်ခံစားချက်တွေနဲ့အ ကုန်လုံးအပြိုင်အဆိုင်ပြောကြတော့သည်။
_လီမွန်ဖေဖေရဲ့ကျော်ကြားလှတဲ့ စကားကိုအခါတစ်ထောင်မကသုံးပြီး တိုက်ခိုက်လည်းပင်ပန်းတယ်လို့ကိုမခံစားရဘူး!
_ဘယ်လိုလုပ်ပြီး တူညီတဲ့စာကြောင်းဖြစ်ရမှာလဲ။ ဒါကမတူညီကွဲပြားတဲ့စာကြောင်းသုံးကြောင်းပါနော်!
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...