[Unicode]
Chapter 81 - most popular male anchor award
ဒီတစ်ခါတော့ လင်းမုန့်ပစ်မှစ်ထားခံလိုက်ရပြီဆိုတာ ရှန့်ကျူသိလိုက်လေပြီ။ သူဟာ တာဝေးအပြေးပြိုင်ချိန်မှာလိုပင် လူတိုင်းထက် ပိုဇွဲကောင်းသည်။
ထိုနေ့ကစပြီး လင်းမုန့်၏ကမ္ဘာထဲသို့ စားခြင်းနှင့် ကစားခြင်းအပြင် တစ်စုံတစ်ရာ ထပ်မံတိုး၀င်လာသည်။
အဲဒါကတော့ သူအားလပ်ချိန်ရသမျှ 'post-match interview များ၊ ဖျော်ဖြေရေးရှိုးပွဲများ၊ အလေးအနက်ထားရမည့် interview များ' အစရှိသော နဂါးငွေ့တန်း၏အမျိုးမျိုးသော video များကို ညစာမစားခင်၊ အိပ်ယာမ၀င်ခင်နှင့် antennaတိုင်သုံးရင်း လမ်းလျှောက်ချိန်၌ ကြည့်ရှုခြင်းဖြစ်သည်။
ရှန့်ကျု၏ ထုတ်လွှင့်ချိန်မှာ ဂိမ်းပွဲများကို သုံးသပ်ရာ၌လည်း အလေးအနက်နားထောင်တတ်ပြီး ပြိုင်ပွဲဆုံးချိန်မှာတော့ ကစားသမားများအကြောင်း ပဟေဠိအနည်းငယ် မေးလာလိမ့်မည်။
ဖျတ်လတ်တက်ကြွနေသော နဂါးငွေ့တန်းကစားများ၏ ပူနွေးလတ်ဆတ်ပြီး စိတ်၀င်စားဖွယ်ရာဟာသများကိုလည်း စုဆောင်းတတ်လာပြီး သူမသိလိုက်ခင်မှာပင် streaming လုပ်ရာ၌ သူ့ပရိတ်သတ်အရေအတွက်က နှစ်ဆတိုးလာသည်။
low-level ဟာသများကိုရှောင်ရန်အတွက် producer ရဲ့ ဦးဆောင်မှုအောက်မှာ သူနှင့် လုံးဝမရင်းနှီးသည့်အသင်းတစ်သင်းကို အင်တာဗျူးဖို့ တစ်ရက်တာ သင်တန်းသား သတင်းထောက်အဖြစ် A League ကိုသွားပြီး ကစားသမားတွေကို တစ်ပတ်လောက်လေ့လာခဲ့ရသည်။
ရှန့်ကျူ၏ကိုယ်ပိုင်စားပွဲသည် လင်းမုန့်၏စိတ်ကြိုက်ဖျက်ဆီးခံနေရကာ သူ့လက်ရေးမှတ်စုများဖြင့် ပြည့်နှက်နေသည်။
တစ်နှစ်တာအတွက် နဂါးငွေ့တန်းဒဏ္ဍာရီ၏ နှစ်စဉ်ကျင်းပသောပြိုင်ပွဲ၏ ဆုအတွက် voting channel ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ရှန့်ကျူသည် တည်ငြိမ်စွာ အလုပ်လုပ်နေသောလင်းမုန့်ကို ဓာတ်ပုံရိုက်လိုက်ပြီး သူ့အတွက်မဲဆွယ်ပေးရန်အလို့ငှာ Weibo မှာတင်လိုက်သည်။
@မင်းဂွတ်သီး : သူ့ရဲ့ဒီလိုတည်ငြိမ်တဲ့ပုံစံက မြင်ရခဲပေမဲ့ ဒီကောင်လေးရဲ့ လှုပ်ရှားမှူတွေက အရမ်းတောက်ပနေတော့ ငါ့မျက်လုံးကန်းမှာတောင် စိုးရတယ်။ တောက်ပရှင်းသန့်နေတဲ့လူတစ်ယောက်ကို ဘယ်သူကမှ ဆန့်ကျင်နိုင်မှာမဟုတ်ဘူး။ ဒီအလုပ်ကြိုးစားနေတဲ့ @လီမွန်က မင်းတို့ရဲ့ vote နဲ့ ထိုက်တန်ပါတယ်။
أنت تقرأ
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
عاطفيةလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...