Scroll down for ZAWGYICODE.
******
Chapter 50 - ပထမဆုံးအနမ်း
ရန်ရှန်းတက္ကသိုလ်၏ ဒုတိယကန်တင်းသည် တက္ကသိုလ်မြို့တော်တွင် အဆိုးရွားဆုံးဖြစ်ကြောင်း လူအများစုက vote ပေးကြသော်လည်း ရန်ရှန်းတက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်သောဆေးရုံမှာတော့ ဟယ်ပေမြို့ကြီး၏ လူသိများထင်ရှားသော ဆေးရုံတစ်ရုံဖြစ်သည်။
ဆေးရုံစရိတ်ကြီးမားသော်လည်း ကျောင်းသားများအတွက်မူ အတော်များများလျှော့ပေးပါ၏။ ထို့ကြောင့်လူများက ကောလိပ်ကျောင်းသားများကို ဤသို့စနောက်ကြသည်။
— အဆိုးဆုံးအစားအသောက်တွေစား... ပြီးရင် အကောင်းဆုံးကုသခံလိုက်။
လင်းမုန့်သည် ငယ်ရွယ်သေးတာကြောင့် နေပြန်ကောင်းရန် မြန်ဆန်သည်။ အတမ်းဖော်များအားလုံး ဆေးရုံသို့လာလည်ပတ်ပြီးနောက်မှာတော့ ဆရာ၀န်၏ခွင့်ပြုချက်ဖြင့် ဆေးရုံစောစောဆင်းခွင့်ရခဲ့သည်။
ထိုဆေးရုံတက်နေရသည့်အချိန်များက လင်းမုန့်ကိုနှိပ်စက်နေသလိုပင်။ အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက် သူဂိမ်းကစားတော့သည်။
ရှန့်ကျုနေလည်စာ၀ယ်လာချိန်၌ သူဂိမ်းဆော့နေသည်။ ညစာ၀ယ်လာချိန်၌လည်း ဆက်ဆော့နေဆဲပင်။ ဒါက နာလန်ထစလူနာတစ်ယောက်အတွက် သိပ်တော့မသင့်လျော်ပါချေ။
"ကစားတာရပ်ပြီး နားတော့လေ"
ရှန့်ကျုသည် ကွန်ပျူတာရှေ့မှသူ့ကို ရင်းနှီးစွာဖြင့် ဆွဲခေါ်လာသည်။ စိတ်ကျေနပ်စေရန် အစားအစာကိုအသုံးပြုခြင်းက ကောင်းသောအရာဖြစ်သည်။
"ဒီညဘာယူလာလဲ။ *ကောသာစွပ်ပြုတ်လား။ ကောင်းလိုက်တာ။ ငါကောသာစွပ်ပြုတ်ကိုကြိုက်တယ်"
{*ကောသာစွပ်ပြုတ် (疙瘩汤): ဂျုံမှုန့်ညက်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးပါ၀င်သည့် စွပ်ပြုတ်တစ်မျိုး}
"ပူသေးတယ်။ မှုတ်ပြီးမှသောက်လေ"
ရှန့်ကျုလက်ဆန့်ကာ ဇွန်းကိုဆွဲယူပြီးမှုတ်လိုက်ပြီးမှ ကမ်းပေးလိုက်သည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...