Chapter 79 - လက်ထောက်/လက္ေထာက္

548 93 6
                                    

[Unicode]

Chapter 79 - လက်ထောက်

ရှန့်ကျူအိမ်၀ယ်လိုက်ခြင်းသည် လင်းမုန့်ကို အလွန်အမင်းစိတ်လှုပ်ရှားစေခဲ့သည်။ ကောလိပ်ပေါင်းတစ်ရာလောက်အထဲမှ ဒီကောလိပ်တွင် ဘွဲ့ရခြင်းသည် ဘွဲ့ရပြီးနောက် အလုပ်ရပြီး၀င်ငွေခိုင်မြဲစေမည်ဆိုတာ လင်းမုန့်သေသေချာချာသိသည်။

အနီးအနားမှာရှိသည့် "ရှန့်ကျူ"ဟူသည့် ဒီဥပမာကြောင့် တိုက်ရိုက်လေ့လာစူးစမ်းနိုင်ပြီး သူ့ကိုစိတ်ခွန်အားပေးနေသည်။  

ထို့ပြင် live broadcast လုပ်ခြင်းသည် ရှန့်ကျူအတွက် အားယူနေခြင်းတစ်ခုသာဖြစ်ကြောင်း လင်းမုန့်က လူတိုင်းထက်သိသည်။ သူ့ရဲ့တစ်ကယ့်ရည်ရွယ်ချက်ကတော့ ပိုပြီးကျယ်ပြန့်သည့်အဆင့်တစ်ခုမှာ ရပ်တည်ရန်ဖြစ်သည်။

စိတ်ရှုပ်ထွေးမှုများအားလုံးကို ဖယ်ရှားပြီးနောက် live အတွက် တိုက်ပွဲနှစ်ပွဲရွေးချယ်ကာ ယာဉ်အသွားအလာကို လမ်းကြောင်းအနည်းငယ်လွှဲလိုက်သည်။ ဒါက private ထုတ်လွှင့်မှုအတွက် အထင်ကြီးလောက်ဖွယ် လှုပ်ရှားမှုဖြစ်သည်။
Fighting Cat ၏ တက်ကြွသော နောက်ကွယ်မှ ခြယ်လှယ်မှုအောက်တွင် ရှန့်ကျူသည် နောက်ဆုံးတွင် ပြိုင်ပွဲကွင်းအတွင်း တိုက်ရိုက်ဝေဖန်ချက်ပေးရန် သူ၏ပထမဆုံးဧည့်သည်ဖိတ်ကြားချက်ကို လက်ခံရရှိကာ ထိုအရာသည် သူ၏ရည်မှန်းချက်ပန်းတိုင်ဆီသို့ အဓိကခြေလှမ်းတစ်ခုဖြစ်သည်။

ခဏလောက်ကစားပြီးနောက် ရှန့်ကျူသည် အလွန်ရှင်းလင်းသောပန်းတိုင်တစ်ခုဆီ ဦးတည်နေသောလူတစ်ယောက်ဖြစ်ကြောင်း ပိုပြီးနားလည်လာသည်။

သူ broadcast live လုပ်လိုပါက သူ streaming လုပ်လိမ့်မည်။ လင်းမုန့်၏အချစ်ကိုရရှိရန် လိုက်လိုပါက ရအောင်လိုက်လိမ့်မည်။ တိုက်ရိုက်ထုတ်လွှင့်ချိန် စကားပြောအစီရင်ခံခြင်းလုပ်လိုပါကလည်း လုပ်လိမ့်မည်ပင်။

တစ်ကြိမ်မှာတစ်ခုစီလုပ်သွားရင်း ဘ၀၏အနာဂတ်လမ်းကြောင်းဟာ ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပေ။
သူ့ကိုယ်သူပြန်ကြည့်ပါက ငါးဆားနူတစ်ကောင်လို နေ့တိုင်း Live ပဲလုပ်နေသည်။ anchor တစ်ယောက်ဖြစ်လာခြင်းဟာ သူ့ဆန္ဒအရပင်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now