အခန်း ၃၈ + ၃၉ ဖေဖေဆိုတဲ့စကားက စကားလုံးသက်သက်ချည်းပဲ ထင်ပါရဲ့

697 117 2
                                    

အခန်း ၃၈ + ၃၉ ဖေဖေဆိုတဲ့စကားက စကားလုံးသက်သက်ချည်းပဲ ထင်ပါရဲ့ကွာ

မနက်ခင်းတွင် ရှန့်ကျူတစ်ယောက် အသားပိုင်မုန့်ပို့ချိန်၌ လက်မှတ်များကိုပါ ယူဆောင်လာခဲ့သည်။ လင်းမုန့်နှင့် သူ့အခန်းဖော်များကို သူတို့၏ဌာနတွင် ရောင်းပေးရန် အကူအညီတောင်းလေသည်။

“ဒါကဘာလဲ”

“ဒီကျောင်းပိတ်ရက်မှာကျင်းပမဲ့ ယဉ်ကျေးမှုပွဲတော်အတွက်လေ။ ငါတို့ သရက်သီးနို့ဒိန်ချဉ်* တွေရောင်းဖို့ ယာယီဆိုင်ခန်းတစ်ခန်း ငှားထားတယ်။ ကျေးဇူးပြုပြီး မင်းရဲ့အတန်းဖော်တွေနဲ့ လာစားကြပါဦး”

(*mango lao = အစားအစာတစ်မျိုးပါ။ ဒီnovel ထဲမှာတော့ သရက်သီး၊ ဒိန်ချဉ်၊ ဖရဲသီးနဲ့ သာကူစေ့လေးတွေပါတယ်တဲ့။ မြန်မာလိုဘယ်လိုခေါ်လဲတော့မသိ‌ဘူး။ ဒါကြောင့် 'သရက်သီးနို့ဒိန်ချဉ်' လို့ပဲ သုံးလိုက်ပါတယ်။ သိတဲ့သူရှိရင် ပြောပြနိုငိပါတယ်။)

ယဉ်ကျေးမှုပွဲတော်၊ နှစ်သစ်ကူးပွဲတော်၊ အားကစားပွဲနှင့် ခရစ်စမတ်ပွဲ အားလုံးကိုစုပေါင်းလိုက်ပါက မြောက်ဘက်ဟယ်ပေ တက္ကသိုလ်မြို့‌တော်၏ အဓိကပွဲတော်ကြီး လေးမျိုးဖြစ်ကြောင်း သိပေမည်။

ဒီကြီးကျယ်ခမ်းနားသော ပွဲတော်များကို မြို့လယ်ရှိပလာဇာမှာ နှစ်တိုင်းကျင်းပလေ့ရှိသည်။

လွန်ခဲ့သောနှစ်က လင်းမုန့်၏အတန်းဖော်က သရဲအိမ်တစ်အိမ်လုပ်ခဲ့ပြီး လင်းမုန့်ကတော့ သရဲအဖြစ်သရုပ်ဆောင်ခဲ့သည်။

မိတ်ကပ်လိမ်းပြီးချိန်၌ အလွန်ကြောက်စရာကောင်းသည်ဟု သူရှင်းရှင်းလင်းလင်းသိသော်ငြားလည်း မိန်းကလေးများ‌ကတော့ သူ့ကိုမြင်သည်နှင့် သူ့နာမည်ကို အော်ဟစ်ကာငိုယိုကြတော့သည်။

သူတို့ဟာ စိတ်သောကရောက်နေရှာသော လင်းမုန့်နှင့်အတူ အမှောင်ထဲမှာပင် အုပ်စုဓာတ်ပုံတစ်ပုံရိုက်လိုခဲ့သည်။ ဒီနှစ်မှာတော့ လင်းမုန့်ဟာ ဘယ်သရဲအဖြစ်မှ သရုပ်မဆောင်တော့ဟု ကြွေးကြော်ထားသည်။

နေ့လည်အတန်းပြီးနောက် ကန်တင်းသို့အပြေးအလွှားသွားနေသော လင်းမုန့်သည် သူတို့ဌာန၏ အလှပန်းလေးကြောင့် ရပ်တန့်လိုက်ရသည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now