Chapter 19 - ငါ့ရဲ့နောက်ခံသီချင်းနဲ့အတူ ဘယ်သူကမှဒီဖေဖေရဲ့မိုင်းတွေကိုမယူနိုင်ဘူး~
သုံးနိုင်ငံခေတ်အဆင့်က နဂါးငွေ့တန်းဒဏ္ဍာရီ မှာဆိုလျှင် ထပ်၍အဆင့်မြှင့်ထားသည့် အဆင့်ဖြစ်ပြီး ၂နိုင်ငံရန်စောင်တိုက်ခိုက်ကြခြင်းထက်ပို၍ စစ်တပ်၂တပ်မှ စစ်တပ်၃တပ်၊ ဂြိုလ်သားတွေရဲ့ဖိအားပေးကျူးကျော်၀င်ရောက်မှုပင် ထပ်ပေါင်းပါ၀င်လေသည်။
အင်ပါယာနှင့်ဗဟိုအစိုးရတို့ သဘောထားကွဲလွဲခြင်းမျိုးနဲ့မတူပဲ လူသားတွေက သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခတ်ခြင်း၊ဂြိုလ်သားအုပ်စုတွင်ပါ၀င်သူများသည်လူသားများမဟုတ်ကြပေ။
"အင်ပါယာနဲ့ဗဟိုအစိုးရမှာ ဖြတ်လမ်းတော့ ရှိပါစေလို့ငါမျှော်လင့်တယ်"
မြေပုံရှာနေသည့်အချိန်တွင် လင်းမုန့်သည် သူ၏အကျင့်အတိုင်း ခြေထောက်တွေကိုဆန့်ထုတ်လိုက်သည်။
သူရဲ့ နောက်ထပ်စကားလုံးတွေက သူ၏ မာန်မာနအလံလေးတလွင့်လွင့်နှင့်အတူစတင်၍လွှင့်တင်လိုက်သည်။"ငါဂြိုလ်သားတွေနဲ့ကစားရတာမကြိုက်ဘူး။သူတို့ကကြာမြစ်တွေအရမ်းစားလွန်းတယ်*"
(Y/N-အဓိပ္ပါယ်က *သောက်ရမ်းအရုပ်ဆိုးတယ်* ဆိုတာ တဲ့ရှင်)
[System] တိုက်ပွဲကစတင်ပါပြီ! ဂြိုလ်သားစစ်တပ်ကိုဦးဆောင်ပြီး အောင်မြင်မှုတွေရယူလိုက်ပါ!
လင်းမုန့် : .......
_လီမွန်ဖေဖေက အပြုံးလေးမှသည်ဒေါသတကြီးဖြစ်စဉ်သို့ကူးပြောင်း~
_မင်းတိုက်ပွဲမစခင်မှာ ဒီလိုစကားမျိုးမပြောသင့်ဘူးဆိုတာ မင်းမသိဘူးလား?
_ဒါကပြသနာသိပ်မရှိပါဘူး၊ မင်းဂွတ်သီးနတ်ဘုရားက မင်းကိုဒီကနေသယ်ဆောင်ပေးသွားလိမ့်မယ်!
လင်းမုန့် သူဂြိုလ်သားတွေကိုတကယ်မကြိုက်ဘူး။ ထပ်ပေါင်းပြောရရင် သောက်ရမ်းအရုပ်ဆိုးလွန်းတယ်။ ောက်ထပ်အရေးကြီးသည့်အကြောင်းပြချက်တော့ရှိသေးသည်။
ဂြိုလ်သားတွေက မြေပုံရဲ့တစ်၀က်လောက်ထိကိုသာ အင်အားကြီးမားသည်။ အင်ပါယာရဲ့ဗဟိုအစိုးရကို အစကတည်းက ပစ်မှတ်ထားပြီးတိုက်ခိုက်မှသာ အောင်မြင်နိုင်မည်။
YOU ARE READING
(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)
Romanceလင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ"ဆိုတဲ့gameမှာ rank မြင့်တဲ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဆိပ်ပြင်းသည့်လျှာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင် ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည် : ဒ...