အခန်း ၃၂၊ ၃၃ / လူတွေက စကားများလွန်းရင် သေတတ်တယ်။

920 124 1
                                    

Chapter 32

သည်ည၏ကစားပွဲအကြောင်းမေးခွန်းအချို့ကို ရှန်းကျူဖြေကြားနေစဉ်တွင် အိပ်ဆောင်တံခါးမှာ အသံတိုးတိုးကလေးဖြင့်ပွင့်လာပြီး ခေါင်းသေးသေးလေးတစ်လုံးက အထဲသို့ ပြူ၀င်လာသည်။

ရှန်းကျူ - "…..."

လင်းမုန့်သည် တိတ်ဆိတ်စွာဖြင့် ကွန်ပျူတာရှိရာဆီသု့ိ ညွှန်ပြလိုက်တာကြောင့် ရှန်းကျူနားလည်သွားသည်။

"ဒီညအတွက်တော့ ဒီလောက်ပါပဲ။ မနက်ဖြန် ငါအချိန်ရမယ်ဆိုရင် ငါပြန်ကြည့်လိုက်ပါ့မယ်"

— ဘာဖြစ်လို့လဲ။ သူ့ရဲ့ထုတ်လွှင့်မှုပြီးတ်ဆို လီမွန်ဖေဖေက မင်းဂွတ်သီးနတ်ဘုရားဆီ ရောက်သွားပြီလား။ မင်းရဲ့အစီအစဉ်က အတူတူခိုးရာလိုက်ပြေးဖု့ိလား။

— ဒီညမင်းဂွတ်သီးနတ်ဘုရားနဲ့လီမွန်ဖေဖေတို့ရဲ့ streams မရှိဘဲ ငါဘာလုပ်ရမလဲ။

— ငါးညှီနံ့ကတော့ လိုင်းကိုဖြတ်ပြီးတော့တောင် နံလာပြီ။

"ထုတ်လွှင့်မှုပြီးဆုံးပါပြီ။ အားလုံးပဲ ကောင်းသောညပါ"

ရှန်းကျူသည် live broadcasting software ကို ပိတ်လိုက်ပြီးနောက် လင်းမုန့်ကု မော့ကြည့်ကာမေးလိုက်သည်။

"မင်းဘာလို့ရောက်လာတာလဲ"

လင်းမုန့်သည် ရုတ်တရက်ကြီး သူ့ကိုတွေ့ချင်စိတ်ပြင်းပြလာတာကြောင့် ရောက်လာခဲ့သည်ဆိုသော်လည်း သည်လိုပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ငါမင်းကို လူကိုယ်တိုင်တွေ့ပြီး ဂုဏ်ပြုချင်လို့"

"ဒါက ရင်းနှီးတဲ့ လေ့ကျင့်ရေးကစားပွဲတစ်ခုပဲလေ။ မင်းဒီလိုလုပ်နေတာကြည့်ဦး။ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကျနေတာပဲ"

"ဒါက ကမ္ဘာ့ဖလားဖိုင်နယ်ပွဲနဲ့ အဆင့်ချင်းညီတယ်လေ"

လင်းမုန့်သည် ထိုင်ခုံတစ်လုံးကိုဆွဲယူကာ ကွန်ပျူတာ၏နောက်တွင် ထိုင်ချလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် လင်းမုန့်သည် ရှန်းကျူ၏အခန်းထဲသို့ လာဖူးခြင်းဖြစ်သည်။

အခြားသူများ၏ mouse နှင့့် keyboard တို့သည်  professional အဆင့် ပုံပန်းသဏ္ဍာန်ရှိသည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Où les histoires vivent. Découvrez maintenant