အခန်း ၄၂-၂။ ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတွေက မသန်မာဘူး

271 18 0
                                    

အခန်း ၄၂-၂။ ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတွေက မသန်မာဘူး

“အကောင့်သေးနှစ်ခုက rank မ၀င်နေဘူးဆိုတော့ ပုံမှန်ယှဉ်ပြိုင်ပွဲတစ်ခုကိုပဲ ၀င်ရအောင်လေ။ ရယ်ဒီပဲလား”

[အဖွဲ့၏စကားပြောခန်း] ပန်းသီးလေး : အသင့်ပဲ (😊😊😊)

[အဖွဲ့၏စကားပြောခန်း] မာလကာသီး : စကြမယ်။

လင်းမုန့်ဟာ ပြိုင်ဘက်တွေအတွက် တိတ်တဆိတ် ဖယောင်းတိုင်ထွန်းပေးထားလိုက်သည်။

– သုံးယောက်စီး ဒီဇယ်အင်ဂျင်ကားဆိုတာက ဘယ်မှာလဲ။ ဒါက သိသိသာသာကို ခိုင်ခံ့မာကြောတဲ့ သံချပ်ကာကားဆိုတာ သေချာနေတာပဲလေ။

သဘောတူညီချက်မှာ anchor က water friend တွေကို ခေါ်သွားရမှာမဟုတ်ဘူးလား။ အဲဒီ့အစား သဘောတူညီချက်မှာ အဆင့်မြင့်နတ်ဘုရားတွေက *powder လေးကို ခေါ်သွားရတာလား။

{*powder - ပရိတ်သတ်။ ဒါပေမဲ့ fan တွေလို တအားအရူးအမူးတော့ မဟုတ်ဘူးပေါ့}

ပြောရရင် ငါကမင်းကို တာဝန်ယူခေါ်လာပြီး မင်းက *666 လို့အော်ပြီး အားပေးဖို့ တာဝန်ယူရမှာမဟုတ်ဘူးလားကွ။

{*666 : လျို့လျို့လျို့
ဒါက ကစားပွဲမှာ ကစားသမားရဲ့စကေးကြွယ်မှုကို အံသြချီးမွမ်းတာ။ ဒါမှမဟုတ် လက်ခုပ်တီးအားပေးတဲ့နေရာမျိုးမှာ သုံးတယ်။ (တစ်ခါတလေ စကေးညံ့တဲ့ကောင်တွေကို ရွဲ့ပြီးလှောင်ပြောင်ထေ့ငေါ့တဲ့အခါမှာလည်း သုံးတယ်)}

သူတို့နှစ်ယောက်က ငါ့ထက်တောင်တော်နေကြသေးတာ။ ဒီဖေဖေက ဘယ်လိုလုပ် စကေးတွေကိုချပြလို့ရတော့မှာလဲကွ။

စက္ကန့်သုံးဆယ်ကြာပြီးနောက် ပြိုင်ပွဲအတွက်တန်းစီခြင်း၏ရလဒ် ထွက်ပေါ်လာပြီး streamingလုပ်‌နေသည့် အခန်းထဲတွင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသည်။

တစ်ဖက်အဖွဲ့ကလည်း သုံးယောက်ပါ ကားစီးလာသည့် အဖွဲ့ပဲဖြစ်သည်။ ချယ်ရီ၊ လိုင်ချီးနှင့် နာနတ်သီးဟူသည်မှာ 'FRUIT team' ဟု ကျော်ကြားသည့် နာမည်ကျော် ကစားသမားသုံးယောက်ပင်ဖြစ်သည်။
လွန်ခဲ့သောရာသီက နဂါးငွေ့တန်းဒဏ္ဍာရီ၏ ပြည်တွင်းချန်ပီယံပွဲတွင် ဗိုလ်စွဲခဲ့သူများဖြစ်သည်။

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Where stories live. Discover now